ဒို့မိသားစုလေးက ဖွင့်လှစ်ထားတဲ့ Self-paced Online သင်တန်းလေးတွေကို အခက်အခဲမရှိပဲ တက်ရောက်နိုင်ဖို့ ဒီပို့စ်လေးက လမ်းညွန်ချက်လေးတွေကို အတိအကျလိုက်လုပ်ပေးဖို့ လိုအပ်ပါတယ်။ သင်တန်းဖို့ဆိုရင် အောက်ပါအဆင့်လေးတွေကို လုပ်ဖို့လိုပါတယ်။
အဆင့် (၁) ဒို့မိသားစုလေး Website တွင် အကောင့်ဖွင့်ခြင်းနှင့် Log-in ဝင်ခြင်း
- အဆင့် (၁) မှာ ပထမဆုံးအနေနဲ့ ဒို့မိသားစုလေးရဲ့ Website ဖြစ်တဲ့ www.dohmeetharsulay.com ကို ဝင်ရောက်ရမှာဖြစ်ပါတယ်။ ဒီလိုဝင်နိုင်ဖို့အတွက် Chrome, Microsoft Edge, Safari, Firefox စတာတွေလိုမျိုး Browser Application တစ်ခုခုကို အသုံးပြုရမှာဖြစ်ပါတယ်။
- ပြီးရင် အကောင့်ဖွင့်နိုင်ဖို့အတွက် Website ရဲ့ ညာဖက် ထောင့်နားမှာ ရှိတဲ့ LOG IN ကိုနှိပ်လိုက်ပါ။
- ကိုယ်က ကိုယ်ပိုင်အီးမေးနဲ့ အကောင့်ဖွင့်မယ်ဆိုရင် username နဲ့ Email လိပ်စာကို ထည့်ပြီး Register ကိုနှိပ်ရပါမယ်။ သို့မဟုတ်ကိုယ်က ရှိပြီးသား Facebook Account သို့မဟုတ် Gmail အကောင့်နဲ့ ဝင်ချင်တယ်ဆိုရင် Continue with Facebook သို့မဟုတ် Continue with Google ကို တန်းနှိပ်လိုက်ပါ။ သက်ဆိုင်ရာ Facebook သို့မဟုတ် Gmail ကို ရှိပြီးသား username နှင့် password တို့ကို အသုံးပြုပြီး Log-in လုပ်ပါ။
အဆင့် (၂) Log-in ဝင်ပြီးနောက် မိမိတက်ရောက်လိုသော သင်တန်းကို စာရင်းပေးသွင်းခြင်း
- ကိုယ့်မှာ Account လည်းရှိပြီ၊ Log-in လည်း လုပ်ပြီးပြီဆိုရင် သင်တန်းများအောက်က Self-pace Courses ကိုနှိပ်လိုက်ပါ။
- ပြီးရင် သင်တန်းတွေထဲက မိမိတက်လိုတဲ့ သင်တန်းကို ရွေးပြီး နှိပ်လိုက်ပါ။
- နောက်တစ်ဆင့်မှာတော့ သင်တန်းစာမျက်နှာမှာရှိတဲ့ Buy Now ကို နှိပ်လိုက်ပါ။
- ခဏစောင့်ပြီး သင်တန်းကြေးပေးသွင်းရမယ့် အချက်လက်ကို Screenshot ယူ၍ဖြစ်စေ သိမ်းဆည်းထားပါ။
- ပြီးတာနဲ့ Place Order ကိုနှိပ်လိုက်ပါ။
အဆင့် (၃) သင်တန်းကြေးပေးသွင်းခြင်း
- သတ်မှတ်သင်တန်းကြေးကို အဆင့် (၂) မှာတုန်းက Screenshot ယူထားတဲ့ အချက်အလက်တွေထဲက ကိုယ်နဲ့အဆင်ပြေမယ့် နည်းလမ်းကိုအသုံးပြုပြီး သတ်မှတ်သင်တန်းကြေးကိုလွှဲပို့ပါ။
- ငွေလွှဲမှတ်တမ်းကို Screenshot ယူထားပြီး ဒို့မိသားစုလေးရဲ့ Facebook Messenger ကို ပို့ပေးပါ။
- Screenshot ပို့ပြီးတာနဲ့ ၂၄ နာရီအတွင်း သင်တန်းတက်ရောက်ခွင့် Approve ရမှာဖြစ်ပြီး သင်ခန်းစာတွေကို စတင်လေ့လာခွင့်ရမှာဖြစ်ပါတယ်။
အဆင့် (၄) သင်ခန်းစာများကို စတင်လေ့လာသင်ယူခြင်း
- အထက်ပါအဆင့်တွေအားလုံးပြီးပြီဆိုရင်တော့ သင်ခန်းစာတွေစတင်သင်ယူလို့ရပါပြီ။
- www.dohmeetharsulay.com ကိုဝင်ပြီး Log-in ဝင်ပါ။
- Self-paced Course အောက်က ကိုယ်စာရင်းသွင်းထားတဲ့ သင်တန်းကိုဝင်ပါ။
- ပြီးရင် Contine ကို နှိပ်ပြီး စတင်သင်ယူလို့ရပါပြီ။
- သင်ခန်းစာတစ်ခုပြီးတိုင်း မိမိစိတ်ကျေနပ်ပြီဆိုရင် Complete ကိုနှိပ်ပေးပါ။
- မိမိအချိန်ရသလောက်သင်ခန်းစာတွေကိုကြည့်ပြီးလို့ ခဏနားချင်တယ်ဆိုရင် Browser ကို ပိတ်လိုက်ပါ။ Browser ကို မပိတ်ခင် Log-out လုပ်လည်းရတယ်၊ မလုပ်ချင်လည်း ရပါတယ်။
- နောက်တစ်ကြိမ် ကိုယ့်မှာအချိန်ရလို့ ဆက်ပြီးသင်ခန်းစာတွေသင်မယ်ဆိုရင် အထက်ဖော်ပြပါ အချက်တွေအတိုင်း Log-in ပြန်ဝင်လိုက်မယ်၊ သင်တန်းကိုပြန်ဝင်လိုက်မယ်ဆိုရင် မိမိနောက်ဆုံး သင်ယူခဲ့တဲ့နေရာကနေ ပြန်စပြီး သင်ယူလိုရမှာဖြစ်ပါတယ်။
အခက်အခဲ တစ်ခုခုကြုံရတယ်ဆိုရင် ဒို့မိသားစုလေးရဲ့ Admin Team ကို ဆက်သွယ်ပေးပါ။
ပျော်ရွှင်ဖွယ်ရာ သင်ယူမှုလေးဖြစ်ပါစေ။