အရေပြားချင်းထိပေးခြင်း ဆိုတာဘာလဲ
အရေပြားချင်းထိပေးခြင်း ဆိုတာဘာလဲ။ ဘာကြောင့်အရေးကြီးတာလဲ။ ဖေဖေ မေမေတို့ရေ… ဒီနေ့တော့ အရေပြားချင်းထိပေးတဲ့ (Skin-to-Skin Contact) အကြောင်း နည်းနည်းပြောပြမယ်နော်…အရေပြားချင်းထိပေးခြင်းဆိုတာ သားသားမီးမီးတို့ကို မွေးပြီးပြီးချင်း မေမေတို့ ခန္ဓာကိုယ်ပေါ် အရေပြားချင်းထိပြီး တင်ထားပေးတာကိုဆိုလိုတာပါ… မေမေတို့အနေနဲ့ ကလေးမွေးဖွားပေးတဲ့ ကျန်းမာရေးဝန်ထမ်းကို ကလေးကိုမွေးပြီးပြီးချင်း ဗိုက်ပေါ် ဒါမှမဟုတ် ရင်ဘတ်ပေါ် တင်ပေးပြီ းနို့မြန်မြန်စို့နိုင်အောင် ကူညီလုပ်ဆောင်ပေးဖို့ ကြိုပြောပြထားဖို့လိုပါမယ်… အသားချင်းထိပေးတာကိုဖြစ်နိုင်ရင် ၂ နာရီလောက် ထားပေးနိုင်ရင် ကောင်းပါတယ်… အသားချင်း ထိထားပေးရင်းနဲ့ပဲ မွေးပြီး ၁ နာရီအတွင်း မိခင်နို့ တိုက်ပေးရပါမယ်… အဲလိုတိုက်ပေးနိုင်မယ်ဆိုရင် မေမေနဲ့ ကလေးကို စိတ်တည်ငြိမ်စေမယ်… သားသားမီးမီး တို့ကိုလည်းနွေးထွေးမှုရှိစေမယ်… ဦးနှောက်ဖွံ့ဖြိုးမှုကိုလည်း အားပေးတယ်… ကလေးနဲ့အမေကို စိတ်ဖိစီးမှု သက်သာစေတယ်… သားသားမီးမီးတို့အတွက် လိုအပ်တဲ့ နို့ရည်ကို စောစောစီးစီလည်း…
