သက်သတ်လွတ်စားတဲ့မေမေတို့ အာဟာရပြည့်ဝအောင်ဘယ်လိုစားမလဲ

သက်သတ်လွတ်စားတဲ့မေမေတို့ အာဟာရပြည့်ဝအောင်ဘယ်လိုစားမလဲ
………………………………………………………………………………..
မေမေတို့က တိရိစ္ဆာန်ကရတဲ့ ပရိုတိန်းအစားအစာတွေကို မစားဖြစ်လို့ရှိရင် ကယ်လိုရီ၊ ပရိုတိန်း နဲ့ အာဟာရဓါတ်တွေလုံလုံလောက်လောက်ရဖို့အတွက် အစားအသောက်တွေကို ဂရုတစိုက်ရွေးစားဖို့လိုပါမယ်။ အထူးသဖြင့် ပရိုတင်းဓာတ်၊ဗီတာမင် B12၊ ဗီတာမင် D၊ သံဓါတ်၊ဇင့်ဓါတ်နဲ့ အိုမီဂါသရီးဖက်တီးအက်ဆစ်တွေ ပေါများတဲ့ အစားအစာတွေကို ရွေးချယ်ရမှာပါ။ နို့နဲ့နို့ထွက်ပစ္စည်းတွေ၊ ကြက်ဥတွေ၊ အခွံမာသီးတွေ၊ အစေ့အဆံတွေ၊ ပဲ၊ ပဲနီလေးတွေ၊ တို့ဟူးလို ပဲပိစပ်ကနေလုပ်ထားတဲ့ ပစ္စည်းတွေက အသားဓာတ်ပါဝင်တဲ့အတွက် စားသုံးသင့်ပါတယ်။ အစားအစာတွေစားတဲ့အခါမှာ လတ်ဆတ်တဲ့သစ်သီးနဲ့ဟင်းသီးဟင်းရွက်တွေလို ဗီတာမင်စီများများပါအောင် စားသုံးလို့ရှိရင် သံဓာတ်နဲ့သွပ်ဓာတ် စုပ်ယူမှုကို တိုးစေပါတယ်။

မိခင်နို့တိုက်ကျွေးခြင်းနဲ့ပါတ်သက်လို့အချင်းချင်း အတွေ့အကြုံ ဗဟုသုတတွေ မျှဝေနိုင်ဖို့၊ အခက်အခဲတွေကို အတူတကွ ဖြေရှင်းနိုင်ဖို့မေ့မေ့ချိုချိုဆိုတဲ့ Group လေးလုပ်ထားပါတယ်။ လင့် လေးကိုနှိပ် Group Member တင်ဖို့ ဖိတ်ခေါ်ပါတယ်။ Member ဝင်တဲ့အခါ မေးခွန်းလေးတွေကိုဖြေပေးဖို့ မမေ့ပါနဲ့နော်။

မေမေ့ချိုချို Group ကို ဝင်ရန်။ http://bit.ly/maymaychocho

About the Author

Leave a Reply

You may also like these