ကလေးငယ်ရဲ့မွေးစရက်သတ္တပတ်တွေမှာ အသားဝါဖြစ်တာတွေကို ဘယ်လို ကာကွယ်ကြမလဲ

အသားဝါရတဲ့ အကြောင်းရင်းခံတွေကတော့ အများကြီးရှိပါလိမ့်မယ်။

အဲဒါတွေကတော့ ကလေးလမစေ့ဘဲမွေးလာတာ၊ ကလေးကနေမကောင်းတာ၊ ဖေဖေ၊ မေမေတို့ရဲ့အေ၊ဘီ၊အို စတဲ့ သွေးအုပ်စု တွေနဲ့ သဟဇာတမဖြစ်တာ၊ ကလေးက ခက်ခက်ခဲခဲ မွေးဖွားခဲ့ရလို့ ကလေးငယ်တွေမှာအရေပြား ဒဏ်ရာရှိတာမျိုးတွေစတဲ့ အခြေအနေတွေပေါ့။

အသားဝါတာကို ကာကွယ်နိုင်တဲ့နည်းတွေကို အောက်ပါအတိုင်းအကြံပြုမျှဝေပေးပါရစေ။

၁။ မေမေတို့ရဲ့ နို့ဦးရေက သားသားမီးမီးတို့ကို ရောဂါတွေ/ ဖျားနာမှုတွေကနေ ကာကွယ်ပေးတဲ့နည်းတူ ကလေးငယ်ရဲ့ အစာအိမ်အူလမ်းကြောင်းအတွင်းကငယ်ချီး (ငယ်ချေး) တွေကိုလည်း ဖယ်ရှားပေးတဲ့ ဝမ်းပျော့ဆေး တစ်မျိုးရဲ့ တာဝန်တွေကိုလည်းဆောင်ရွက်ပေးပါတယ်။ နို့ဦးရေက ကလေးရဲ့ ဝမ်းသွားမှုနဲ့ ပတ်သက်လို့လည်း အကူအညီတွေပေးပြန်ပါတယ်။ဝမ်းသွားတာမှန်လေ ကလေးအတွက် ကောင်းလေလေ ပါပဲ။

၂။ မိခင်နို့တိုက်ဖို့ကို ကလေးမွေးပြီးပြီးချင်းစောနိုင်သမျှ စော‌စော တိုက်ရပါမယ်။ပထမနာရီအတွင်း မိခင်နို့တိုက်ကျွေးခြင်းက ကလေးအသားမဝါဖို့ကာကွယ်ပေးတဲ့ နို့ဦးရေကို ရစေပါတယ်။

၃။ မကြာခဏ နို့တိုက်ပါ။ ကလေးဆာတိုင်းနို့တိုက်ပေးပါ။

၄။ နေ့ရောညပါနို့တိုက်ပါ။ အနည်းဆုံး ၈ကြိမ်မှ ၁၂ ကြိမ်အထိမိခင်နို့တိုက်ကျွေးပါ။

၅။ နို့တိုက်ခြင်းက မေ့မေ့နို့တွေ နို့ရည်တွေနဲ့တင်းပြီး မာနေတာ ကို ကာကွယ်ပေးတဲ့အပြင် ကလေးငယ်တွေ နို့ကို ထိထိရောက်ရောက် စို့နိုင်ဘို့အတွက်လည်းအထောက်အကူပြုပေးပါတယ်။

၇။ မေမေတို့အနေနဲ့ ကလေးကို မှန်ကန်တဲ့ပုံစံနဲ့ပိုက်ထွေးထားဖို့လိုပါမယ်။ ထွေးပွေ့တဲ့ ပုံစံမမှန်ခဲ့ရင်၊ ကလေး အနေအထားမမှန်ခဲ့ရင် ကလေးက နို့ရတာ နည်းနေပါလိမ့်မယ်။ မိခင်နဲ့ထိစပ်မှုကောင်းအောင်(နို့ငုံမှုကောင်းအောင်) ဘယ်လိုလုပ်ရမလဲ ဒီအောက်က လင့်က ဗွီဒီယိုလေးမှာလေ့လာကြည့်နိုင်ပါတယ်။ 

အနေအထားမှန်မှန်ကန်ကန်နို့တိုက်နိုင်ဖို့ဒီလင့်က ဗွီဒီယိုလေးမှာ လေ့လာကြည့်ပါ။ 

၈။ ကျန်းမာရေးဝန်ထမ်းတွေက မညွှန်ကြားဘဲနို့မှုန့်တွေ (ဖော်မြူလာ) တွေကို မပေးရပါဘူး။

အထူးသတိပြုရန် အနေနဲ့ကတော့နနွင်း (ဆနွင်း) ကို ကလေးငယ်ရဲ့ ဒါမှမဟုတ် မေမေတို့ရဲ့ အရေပြားပေါ်မှာမလိမ်းပါနဲ့။ ကလေးကသာအသားဝါ နေခဲ့ရင် အဲဒီဆနွင်းရဲ့ အဝါရောင်က ဖုံးကွယ်ထားနိုင်တော့ မသိမှာစိုးလို့ပါ။

မိခင်နို့တိုက်ကျွေးခြင်းနဲ့ပါတ်သက်လို့အချင်းချင်း အတွေ့အကြုံ ဗဟုသုတတွေ မျှဝေနိုင်ဖို့၊ အခက်အခဲတွေကို အတူတကွ ဖြေရှင်းနိုင်ဖို့မေ့မေ့ချိုချိုဆိုတဲ့ Group လေးလုပ်ထားပါတယ်။ လင့် လေးကိုနှိပ် Group Member တင်ဖို့ ဖိတ်ခေါ်ပါတယ်။ Member ဝင်တဲ့အခါ မေးခွန်းလေးတွေကိုဖြေပေးဖို့ မမေ့ပါနဲ့နော်။

မေမေ့ချိုချို Group ကို ဝင်ရန်။ http://bit.ly/maymaychocho

Similar Posts

  • ကိုယ်ဝန်ဆောင်ချိန်တုန်းက တက်လာခဲ့တဲ့ ကိုယ်အလေးချိန်ကို လျော့ချဖို့ စဥ်းစားနေပြီလား

    မေမေတို့ရေ ကိုယ်ဝန်ဆောင်ချိန်တုန်းက တက်လာခဲ့တဲ့ ကိုယ်အလေးချိန်ကို လျော့ချဖို့ စဥ်းစားနေပြီလား။ အကြံဥာဏ်ကောင်းလေးတွေ ပေးမယ်နော်။ ကိုယ်ဝန်ဆောင်ချိန်မှာ ကိုယ်အလေးချိန်တိုးလာတာကို မြန်မြန်လျော့ချဖို့နဲ့ ကျန်းမာရေးနဲ့ ညီညွတ်စေတဲ့ ခန္ဓာကိုယ် ပြန်ရဖို့အတွက်ဆိုရင်တေ့ မိခင်နို့ကို တိုက်ဖို့စဥ်းစားရပါမယ်။မိခင်နို့တိုက်နေစဥ်မှာပဲ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အသီး၊ အရွက်၊ အသား၊ ငါး၊ဥအမျိုးမျိူးတွေ စားပေးဖို့လိုသလို တနေ့တကြိမ် လေ့ကျင့်ခန်းလုပ်ပေးဖို့လည်း လိုပါမယ်။ ဒီလို မိခင်နို့တိုက်ကျွေးပြီး ကျန်းမာရေးနဲ့ ညီညွတ်အောင် စားသောက်နေထိုင်မယ်ဆိုရင် ကိုယ်အလေးချိန်မြန်မြန်ကျပြီး နဂိုခန္ဓာကိုယ်ကို ပြန်ရမှာဖြစ်ပါတယ်။ မိခင်နို့တိုက်ကျွေးခြင်းနဲ့ပါတ်သက်လို့ အချင်းချင်း အတွေ့အကြုံ ဗဟုသုတတွေ မျှဝေနိုင်ဖို့ မေ့မေ့ချိုချိုဆိုတဲ့ Group လေးလုပ်ထားပါတယ်။ လင့် လေးကိုနှိပ် မေးခွန်းလေးအချို့ကို ဖြေပေးပြီး Group Member တင်ဖို့ ဖိတ်ခေါ်ပါတယ်။ မေမေ့ချိုချို Group ကို ဝင်ရန်။ http://bit.ly/maymaychocho

  • အသက် (၅) နှစ်အောက်ကလေးအာဟာရအွန်လိုင်းမှစစ်ဆေးခြင်း အဖြေရလဒ်များ (မေ ၂၀၂၄)

    အားလုံးမင်္ဂလာပါ… ဒို့မိသားစုလေးရဲ့ ပထမဆုံးအကြိမ် အွန်လိုင်းကနေ ကလေးတို့ရဲ့ အာဟာရအခြေအနေကို စစ်ဆေးတဲ့ အစီအစဥ်လေးမှာ ပါဝင်ပေးခဲ့ကြလို့ ကျေးဇူးတင်ပါတယ်… စစ်ဆေးချက်ရလဒ်အဖြေလေးတွေကို အောက်က ဇယားလေးမှာ ကြည့်ရှုပြီး ကိုယ့်ကလေးရဲ့ အခြေအနေကို သိရှိနိုင်ပါပြီ… ကိုယ့်ကလေးရဲ့ အချက်အလက်ကို ရှာမတွေ့ရင် ဇယားအောက်ခြေက “next” ကိုနှိပ်ပြီး ဆက်ပြီးရှာကြည့်နိုင်ပါတယ်… ဒီအစီအစဥ်နဲ့ပါတ်သက်လို့ Disclaimer/ ကြိုတင်အသိပေးချက်လေးကို အောက်ပါအတိုင်း ထပ်မံအသိပေးပါရစေ… “ကလေး၏ အာဟာရအခြေအနေကို ဆန်းစစ်ရာတွင် ကိုယ်အလေးချိန်နှင့် အရပ်အတိုင်းအတာ တိကျမှန်ကန်မှုပေါ်တွင် များစွာမူတည်ပါသည်။ အတိုင်းအတာမှန်ကန်မှုသည် တိုင်းတာရာတွင် အသုံးပြုသည့် ပစ္စည်းအရည်အသွေး၊ တိုင်းတာသည့် နည်းလမ်း စနစ်ကျမှု၊ တိုင်းတာသူ၏ ကျွမ်းကျင်မှု စသည်တို့ပေါ်တွင်များစွာမူတည်ပါသည်။ သို့ဖြစ်ပါ၍ ဤ အစီအစဥ်မှ ထွက်ပေါ်လာသော အာဟာရအခြေအေနရလဒ်များသည် ရာနှုန်းပြည့် တိကျမှန်ကန်မှု ရှိနိုင်မည်မဟုတ်ကြောင်း ကြိုတင်အသိပေးလိုပါသည်။…

  • |

    မိခင်နို့တိုက်နေတဲ့အချိန်မှာအားဆေးတွေသောက်ဖို့လိုအပ်ပါသလား

    မိခင်နို့တိုက်နေတဲ့အချိန်မှာအားဆေးတွေသောက်ဖို့လိုအပ်ပါသလား ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO ) နဲ့ကျန်းမာရေးအဖွဲ့များရဲ့ ဖော်ပြချက်အရ သံဓာတ်၊ ဖောလစ်အက်စစ်၊ ဗီတာမင် ဘီဝမ်း၊ဗီတာမင် အေ တွေဟာအရေးကြီးပါတယ်။ ဒါပေမယ့် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေ အစာမျိုးစုံစားတဲ့ မေမေတွေအတွက် အားဆေးကို အကြာကြီးဆက်သောက်စရာ မလိုပါဘူးလို့ဖော်ပြထားပါတယ်။ မြန်မာနိုင်ငံမှာတော့ ဗီတာမင် ဘီဝမ်းအားဆေးကို က‌လေးသူငယ်နာရောဂါ ကာကွယ်ဖို့ကလေးမီးဖွားပြီး (၃) လအထိ သောက်သုံးဖို့တိုက်တွန်းတာ ရှိပါတယ်။ ကျန်းမာရေးဝန်ထမ်းတွေရဲ့ညွှန်ကြားချက်နဲ့သာ သောက်သုံးသင့်ပါတယ်။ အိုင်အိုဒင်းဆားကိုတော့ ကလေးငယ်တွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ နို့တိုက်မိခင်ရှိတဲ့ အိမ်တိုင်း စားသုံးသင့်ပါတယ်။ မိခင်နို့တိုက်ကျွေးခြင်းနဲ့ပါတ်သက်လို့အချင်းချင်း အတွေ့အကြုံ ဗဟုသုတတွေ မျှဝေနိုင်ဖို့၊ အခက်အခဲတွေကို အတူတကွ ဖြေရှင်းနိုင်ဖို့မေ့မေ့ချိုချိုဆိုတဲ့ Group လေးလုပ်ထားပါတယ်။ လင့် လေးကိုနှိပ် Group Member တင်ဖို့ ဖိတ်ခေါ်ပါတယ်။ Member ဝင်တဲ့အခါ မေးခွန်းလေးတွေကိုဖြေပေးဖို့…

  • နို့တိုက်မိခင်က ​လေ့ကျင့်ခန်းလုပ်လို့ရလား

    ရပါတယ်။ ပေါ့ပေါ့ပါးပါးလေ့ကျင့်ခန်းလေးတွေ လုပ်ပေးတာက နို့ထုတ်တဲ့ပမာဏနဲ့ နို့အရသာကို မပြောင်းလဲစေပါဘူး။ လေ့ကျင့်ခန်းကို ဖြည်းဖြည်းလေးကနေ စလုပ်ပြီး တဖြည်းဖြည်းနဲ့ တိုးပြီးလုပ်နိုင်ပါတယ်။ ကျန်းမာရေးစောင့်ရှောက်သူနဲ့တော့ တိုင်ပင်ဆွေးနွေးပေးပါ။ မိခင်နို့တိုက်ကျွေးခြင်းနဲ့ပါတ်သက်လို့အချင်းချင်းအတွေ့အကြုံ ဗဟုသုတတွေ မျှဝေနိုင်ဖို့၊ အခက်အခဲတွေကို အတူတကွဖြေရှင်းနိုင်ဖို့မေ့မေ့ချိုချိုဆိုတဲ့ Group လေးလုပ်ထားပါတယ်။ လင့် လေးကိုနှိပ် Group Member ဝင်ဖို့ ဖိတ်ခေါ်ပါတယ်။ Member ဝင်တဲ့အခါ မေးခွန်းလေးတွေကိုဖြေပေးဖို့ မမေ့ပါနဲ့နော်။ မေမေ့ချိုချို Group ကို ဝင်ရန်။ http://bit.ly/maymaychocho 

  • က​လေးတွေကို ​ရေနဲ့ နွားနို့ ဘယ်​လောက် တိုက်ရမလဲ

    အားလုံးပဲ မင်္ဂလာပါ။ အခုတစ်လော ဒို့မိသားစုလေး Facebook Page ကနေ အန်တီသဲလ်မာနဲ့ Live အမေးအဖြေလေးတွေလုပ်ဖြစ်တော့ မေးလာတဲ့မေးခွန်းတွေထဲမှာ အမေးများတဲ့ မေးခွန်းတစ်ခုက ရေတိုက်တဲ့အကြောင်းရယ်၊ နို့မှုန့်တိုက်တဲ့အကြောင်းရယ်ပါ။ ဒါကြောင့် လွန်ခဲ့တဲ့လအနည်းငယ်က တင်ထားတဲ့ အကြောင်းအရာလေးတစ်ခုကို ပိုမို ဆီလျော်အောင် ပြန်ရေးပြီး ထပ်မံမျှဝေပေးလိုက်ပါတယ်။ အကြောင်းအရာက ကလေးကိုဘယ်လိုအရည်တွေတိုက်လို့ရလဲ ဆိုတာပဲဖြစ်ပါတယ်။ တကယ်တော့ က‌လေးငယ်တွေကို တိုက်လို့ရတဲ့ သိပ္ပံနည်းကျ အထောက်အထားခိုင်မာတဲ့ အရည်မျိုးအစားက သိပ်အများကြီးမရှိပါဘူး။ ကလေးတွေကိုတိုက်ရတဲ့အရည်များ နံပါတ် (၁) ကတော့ မိခင်နို့ပါ။ အသက် (၆) လအထိ မိခင်နို့တစ်မျိုးတည်းတိုက်ဖို့လိုပါတယ်။နံပါတ် (၂) ကတော့ သန့်ရှင်းတဲ့ သောက်ရေပါ။ ရေကိုတော့ အသက် (၆) လ ပြည့်တာနဲ့ တိုက်နိုင်ပါပြီ။နံပါတ် (၃) ကတော့ နွားနို့ပါ။…

  • ကလေးကဘယ်တော့မှ ကောင်းကောင်းအိပ်မှာလဲ

    မေမေတို့ပူပန်လေ့ရှိကြတဲ့ ကိစ္စတစ်ခုက ဘေဘီလေးတွေ ဘယ်တော့များမှ ကောင်းကောင်း အိပ်မလဲပေါ့။ ကလေး တော်တော်များများကတော့ ညတစ်ညလုံး အိပ်ပျော်ဖို့ဆိုရင် အသက်တော်တော် ကြီးမှ ရပါလိမ့်မယ်။ အိပ်ပျော်တဲ့ ပုံစံတွေက ကလေးတစ်ယောက်နဲ့ တစ်ယောက်မတူနိုင်ပါဘူး။ အချို့ကလေးတွေကပဲ အစောပိုင်းလတွေမှာ တစ်ညလုံးအိပ်တတ်ကြပေမယ့် ကလေးအများစုကတော့ ညဘက်မှာ နို့စို့ဖို့ အိပ်ရာက နိုးကြပါသေးတယ်။ကလေးလေးတွေရဲ့ အစာအိမ်အရွယ်အစားက လူကြီးတွေထက်သေးတာကြောင့် နို့အလုံအလောက်ရဖို့၊ ကြီးထွားဖွံ့ဖြိုးလာစေဖို့ မကြာခဏ မိခင်နို့တိုက်ဖို့ လိုအပ်ပါတယ်။ တကယ်လို့ ကလေးက အစောပိုင်းလတွေမှာ ညဘက် တစ်ညလုံးအိပ်နေခဲ့ရင် နို့စို့တာနည်းလို့ တချို့ကလေးငယ်တွေအတွက် ကိုယ်အလေးချိန်တိုးတာ နှေးစေနိုင်ပါတယ်။ ဒီနေ့ခေတ်မှာ ကလေးအိပ်တာကို ကျင့်ပေးတာတွေရှိနေပါပြီ။ အားလုံးနားလည်ထားတာက မေမေအားလုံး အိပ်ချင်ကြတယ်။ ဒါပေမယ့် ကလေးတွေရဲ့ခန္ဓာကိုယ်ကျတော့ လူကြီးတွေနဲ့ တူမနေပါဘူး။ ကလေးတွေ အစာအိမ်ကသေးတော့ မကြာခဏနို့တိုက်ရတယ်။ ညဘက်တောင်…

Leave a Reply

Your email address will not be published. Required fields are marked *