|

မိခင်နို့စို့ရတဲ့ကလေးတွေက ဥာဏ်ရည်ထက်မြက်မှု ပိုမြင့်ကြတာကို တွေ့ရပါတယ်

ဖေဖေ မေမေတို့ရေ…. နှစ်ပေါင်းများစွာက သုတေသနပြုချက်တွေအရမိခင်နို့စို့ရတဲ့ကလေးတွေက ဥာဏ်ရည်ထက်မြက်မှု ပိုမြင့်ကြတာကို တွေ့ရပါတယ်။လေ့လာတွေ့ရှိမှုအသစ် တွေမှာလည်း ဥာဏ်ရည်မြင့်မားမှု ကွာခြားချက်တွေကို ပြထားတာတွေရှိပါတယ်။

၁၉၈၂ ခုနှစ် အစောပိုင်းလေ့လာမှုတွေအရ၊ မိခင်နို့တိုက်တဲ့ကလေးနဲ့နို့မှုန့်တိုက်တဲ့ကလေးကို နှိုင်းယှဥ်တဲ့အခါ မိခင်နိူ့တိုက်တဲ့ကလေးက ဥာဏ်ရည်အမှတ်၂ မှတ်ပိုတာတွေ့ရပေမယ့် ၁၉၉၂ ခုနှစ် လေ့လာမှုအသစ်မှာ ၈.၃မှတ်ပိုများနေတာတွေ့ရပြီး၊ ၁၉၉၆ မှာ‌တော့ ၁၂.၉ မှတ် အထိ ဥာဏ်ရည်အမှတ် ပိုများနေတာကိုတွေ့ရပါတယ်။

တခြားလေ့လာမှုတွေမှာတော့ မိခင်နို့တိုက်တဲ့ကလေးနဲ့ နိူ့ဗူးတိုက်တဲ့ကလေးတွေရဲ့ဦးနှောက်ဖွံ့ဖြိုးမှု ကွာခြားချက် ရှိတာကို ပြထားပါတယ်။ မိခင်နို့စို့တဲ့ကလေးရဲ့ဦးနှောက်က ၂၀ -၃၀ ရာခိုင်နှုန်း ပိုကြီးပါတယ်။ ဦး‌‌နှောက် အရွယ်အစား ပိုကြီးတာကဦးနှောက်လုပ်ငန်းပိုလုပ်ဆောင်နိုင်မှုနဲ့ ဆက်စပ်မှုရှိပါတယ်။ မိခင်နို့စို့ရတဲ့ကလေးတွေဟာ အပြုအမူပိုင်းဆိုင်ရာ ပြဿနာနည်းပါးပြီး စာသင်ကျောင်း၌သင်ယူမှုခက်ခဲခြင်းမရှိခြင်း ၊ကျောင်းတွင်း စွမ်းဆောင်ရည်မြင့်မားခြင်းရလဒ်ကိုရရှိစေပါတယ်။

မိဘတိုင်းက မိမိတို့ရဲ့ ရင်သွေးတွေကို အကောင်းဆုံးဆိုတာကိုပဲ ပေးချင်ကြပါတယ်။ ဒါပေမယ့်ကလေးတို့အတွက် အကောင်းဆုံးဖြစ်တဲ့ မိခင်နို့ကိုပေးချင်ပေမ့ တစ်ခါတစ်ရံမှာ အခက်အခဲတွေကိုကြုံတွေ့ရတတ်ပါတယ်။ ဒါကြောင့်မို့ မိခင်နို့တိုက်ကျွေးခြင်းနဲ့ပါတ်သက်လို့ အချင်းချင်းအတွေ့အကြုံ ဗဟုသုတတွေ မျှဝေနိုင်ဖို့၊ အခက်အခဲတွေကို အတူတကွဖြေရှင်းနိုင်ဖို့ မေ့မေ့ချိုချိုဆိုတဲ့Group လေးလုပ်ထားပါတယ်။လင့် လေးကိုနှိပ် Group Member တင်ဖို့ ဖိတ်ခေါ်ပါတယ်။ Member ဝင်တဲ့အခါမေးခွန်းလေးတွေကိုဖြေပေးဖို့ မမေ့ပါနဲ့နော်။

မေမေ့ချိုချို Group ကို ဝင်ရန်။ http://bit.ly/maymaychocho

ဒီရက်ထဲမှာ အင်တာနက်အခက်အခဲကြောင့် မိဘတွေအနေနဲ့ Page ကနေမျှဝေပေးနေတဲ့ အာဟာရဆိုင်ရာဗဟုသုတတွေကို ဖတ်ရှုနိုင်ဖို့ မလွယ်ဘူးဆိုတာ နားလည်ထားပေမယ့်အင်တာနက်ရနေသေးတဲ့သူတွေ ဆက်လက်လေ့လာနိုင်အောင် Admin Team အနေနဲ့အားလုံးနည်းတူ ကြုံတွေ့နေရတဲ့အခက်အခဲတွေကြားထဲကပဲ တတ်နိုင်သမျှဆက်လက်မျှဝေပေးနိုင်ဖို့ ကြိုးစားနေပါတယ်။

Similar Posts

  • အာဟာရအခြေအနေကို စောင့်ကြည့်ခြင်း

    ကလေးငယ်များ၏ အာဟာရဖွံ့ဖြိုးတိုးတက်မှုကို စောင့်ကြည့်သည့် နည်းလမ်းများစွာရှိသည့်အနက် ကိုယ်အလေးချိန်နှင့် အရပ်တို့ကို ပုံမှန်တိုင်းတာ စောင့်ကြည့်ခြင်းသည် အလွယ်ကူဆုံးနည်းလမ်းတစ်ခုဖြစ်ပါသည်။ ကလေးငယ်များ၏ အာဟာရအခြေအနေကို စောင့်ကြည့်ရာတွင် အသုံးပြုသည့် Chart များကို ဤစာမျက်နှာတွင် ဖော်ပြမျှဝေပေးထားပါသည်။​ ဤ Chart များအား World Health Organization မှ ပြုလုပ်ထားခြင်း ဖြစ်ပါသည်။ Chart အမျိုးအစားများစွာရှိသည့်အနက်မှ ကြည့်ရှုအသုံးပြုရလွယ်ကူသည့် အမျိုးအစားများကိုသာ ရွေးချယ်မျှဝေပေးထားခြင်း ဖြစ်ပါသည်။ Chart များကို သိရှိလိုသည့် အာဟာရအမျိုးအစား၊ အသက်အရွယ်နှင့် ကျား/မ တို့ပေါ် မူတည်၍​ အသုံးပြုရမည်ဖြစ်ပါသည်။​ ထိုသို့အသုံးပြုရာတွင် သင့်လျှော်သည့် အမျိုးအစားရွေးချယ်နိုင်ရန်နှင့် ကောင်းမွန်စွာ အသုံးပြုနိုင်ရန် ဤဗွီဒီယိုလေးကို အရင်ကြည့်ရှု့လေ့လာရန် တိုက်တွန်းအပ်ပါသည်။​ ဒို့မိသားစုလေးရဲ့ Youtube Channel လေးကိုလည်း Subscribe လုပ်ထားပေးဖို့…

  • |

    နို့တိုက်မိခင်အနေနဲ့ အချို့အစားအစာတွေက ကလေးကို အနေခက်စေသလား

    ကလေးတစ်‌ယောက်နဲ့တစ်ယောက်ဟာ မတူကြပါဘူး။ မေမေတို့စားတဲ့အစားအစာပေါ်မှာ ခံနိုင်ရည်ရှိမှုလည်း မတူကြပါဘူး။ တချို့ကလေးတွေမှာ အစားအစာနဲ့ ဆေးတွေက သူတို့ကို အနေခက်စေ၊ ကသိကအောက် ဖြစ်စေနိုင်ပါတယ်။သက်ကြီးလာတာနဲ့အမျှ သူတို့ရဲ့ ခံနိုင်ရည်ရှိမှု တိုးတက်လာကြတယ်။ မေမေတို့အပူအစပ်တွေ အချဥ်တွေ စားလို့ ကလေးက အနေခက်တယ်ဆိုတာ မမှန်ပါဘူး။ ‌ရှေးရိုးစွဲအယူအဆသာဖြစ်ပါတယ်။ ကဖင်းဓာတ် တစ်ခွက်နှစ်ခွက်သောက်တာ နို့တိုက်မိခင်တွေအတွက် အဆင်ပြေပါတယ်။ နှစ်ခွက် ထက်ပိုရင်အရမ်းများသွားရင် ကလေးမအိပ်နိုင်ပဲ နေရထိုင်ရခက်တာကို ဖြစ်စေပါနိုင်တယ်။ကဖင်းဓာတ်ပါတဲ့အစားအစာတွေက ကော်ဖီ၊ လက်ဖက်ရည်၊ ချောကလက်၊ ကာဗွန်ပါတဲ့အချိုရည်တွေ၊ဆိုဒါ၊ အားဖြည့်အချိုရည်တွေပဲ ဖြစ်ပါတယ်။ မိခင်နို့တိုက်ကျွေးခြင်းနဲ့ပါတ်သက်လို့အချင်းချင်း အတွေ့အကြုံ ဗဟုသုတတွေ မျှဝေနိုင်ဖို့၊ အခက်အခဲတွေကို အတူတကွ ဖြေရှင်းနိုင်ဖို့မေ့မေ့ချိုချိုဆိုတဲ့ Group လေးလုပ်ထားပါတယ်။ လင့် လေးကိုနှိပ် Group Member တင်ဖို့ ဖိတ်ခေါ်ပါတယ်။ Member ဝင်တဲ့အခါ မေးခွန်းလေးတွေကိုဖြေပေးဖို့…

  • မြန်မာနိုင်ငံရဲ့ ပထမဆုံး အာဟာရဆိုင်ရာ AI Chatbot! 🇲🇲✨

    “Dohmeetharsulay” Page ကနေ မေမေဖေဖေတို့အတွက် နောက်ထပ်စိတ်လှုပ်ရှားစရာ ဝန်ဆောင်မှုအသစ်တစ်ခုကို ဝမ်းမြောက်စွာ မိတ်ဆက်ပေးလိုက်ပါပြီ။ ဒါကတော့ ၂၄ နာရီပတ်လုံး မေးခွန်းတွေမေးနိုင်တဲ့ ကျွန်တော်တို့ရဲ့ AI အာဟာရလက်ထောက် Chatbot အသစ်လေးပါပဲ။ မင်မင်တို့အိပ်နေပေမယ့် Chatbot လေးကတော့ မအိပ်ပဲနေတာမို့လို့ တရေးနိုးသိချင်တာလည်း ထမေးလို့ရမှာဖြစ်ပါတယ်။​ မင်မင်တို့နဲ့ စကားပြောချင်တယ်ဆိုရင်တော့ Facebook Messenger မှာလာပြောပါနော်။ လက်ရှိမှာ စမ်းသပ်ဆဲကာလ (Testing Period) ဖြစ်တဲ့အတွက် အခမဲ့ အသုံးပြုနိုင်မှာဖြစ်ပြီး၊ အကြံပြုချက်များနဲ့ သုံးစွဲမှုအတွေ့အကြုံများကိုလည်း ပြန်လည်မျှဝေဖို့ ဖိတ်ခေါ်ပါတယ်။ 🙌 ဒီ Chatbot က ဘာတွေဖြေပေးနိုင်မလဲ? ✅ ကလေးငယ်တွေရဲ့ အာဟာရအကြောင်း ✅ မိသားစုအတွက် ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာများအကြောင်း ✅ အထွေထွေကျန်းမာရေး ဗဟုသုတများ ကျွန်တော်တို့ရဲ့…

  • ကိုယ်ဝန်ဆောင်ချိန်တုန်းက တက်လာခဲ့တဲ့ ကိုယ်အလေးချိန်ကို လျော့ချဖို့ စဥ်းစားနေပြီလား

    မေမေတို့ရေ ကိုယ်ဝန်ဆောင်ချိန်တုန်းက တက်လာခဲ့တဲ့ ကိုယ်အလေးချိန်ကို လျော့ချဖို့ စဥ်းစားနေပြီလား။ အကြံဥာဏ်ကောင်းလေးတွေ ပေးမယ်နော်။ ကိုယ်ဝန်ဆောင်ချိန်မှာ ကိုယ်အလေးချိန်တိုးလာတာကို မြန်မြန်လျော့ချဖို့နဲ့ ကျန်းမာရေးနဲ့ ညီညွတ်စေတဲ့ ခန္ဓာကိုယ် ပြန်ရဖို့အတွက်ဆိုရင်တေ့ မိခင်နို့ကို တိုက်ဖို့စဥ်းစားရပါမယ်။မိခင်နို့တိုက်နေစဥ်မှာပဲ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အသီး၊ အရွက်၊ အသား၊ ငါး၊ဥအမျိုးမျိူးတွေ စားပေးဖို့လိုသလို တနေ့တကြိမ် လေ့ကျင့်ခန်းလုပ်ပေးဖို့လည်း လိုပါမယ်။ ဒီလို မိခင်နို့တိုက်ကျွေးပြီး ကျန်းမာရေးနဲ့ ညီညွတ်အောင် စားသောက်နေထိုင်မယ်ဆိုရင် ကိုယ်အလေးချိန်မြန်မြန်ကျပြီး နဂိုခန္ဓာကိုယ်ကို ပြန်ရမှာဖြစ်ပါတယ်။ မိခင်နို့တိုက်ကျွေးခြင်းနဲ့ပါတ်သက်လို့ အချင်းချင်း အတွေ့အကြုံ ဗဟုသုတတွေ မျှဝေနိုင်ဖို့ မေ့မေ့ချိုချိုဆိုတဲ့ Group လေးလုပ်ထားပါတယ်။ လင့် လေးကိုနှိပ် မေးခွန်းလေးအချို့ကို ဖြေပေးပြီး Group Member တင်ဖို့ ဖိတ်ခေါ်ပါတယ်။ မေမေ့ချိုချို Group ကို ဝင်ရန်။ http://bit.ly/maymaychocho

  • ကလေးငယ်ရဲ့မွေးစရက်သတ္တပတ်တွေမှာ အသားဝါဖြစ်တာတွေကို ဘယ်လို ကာကွယ်ကြမလဲ

    ကလေးငယ်ရဲ့မွေးစရက်သတ္တပတ်တွေမှာ အသားဝါဖြစ်တာတွေကို ဘယ်လို ကာကွယ်ကြမလဲ အသားဝါရတဲ့ အကြောင်းရင်းခံတွေကတော့ အများကြီးရှိပါလိမ့်မယ်။ အဲဒါတွေကတော့ ကလေးလမစေ့ဘဲမွေးလာတာ၊ ကလေးက နေမကောင်းတာ၊ ဖေဖေ၊ မေမေတို့ရဲ့အေ၊ဘီ၊အို စတဲ့ သွေးအုပ်စု တွေနဲ့ သဟဇာတမဖြစ်တာ၊ ကလေးက ခက်ခက်ခဲခဲ မွေးဖွားခဲ့ရလို့ ကလေးငယ်တွေမှာအရေပြား ဒဏ်ရာရှိတာမျိုးတွေ စတဲ့ အခြေအနေတွေပေါ့။ အသားဝါတာကို ကာကွယ်နိုင်တဲ့နည်းတွေကို အောက်ပါအတိုင်းအကြံပြုမျှဝေပေးပါရစေ။ ၁။ မေမေတို့ရဲ့ နို့ဦးရည်က သားသားမီးမီးတို့ကို ရောဂါတွေ/ ဖျားနာမှုတွေကနေ ကာကွယ်ပေးတဲ့နည်းတူ ကလေးငယ်ရဲ့ အစာအိမ်အူလမ်းကြောင်းအတွင်းက ငယ်ချီး (ငယ်ချေး) တွေကိုလည်း ဖယ်ရှားပေးတဲ့ ဝမ်းပျော့ဆေး တစ်မျိုးရဲ့ တာဝန်တွေကိုလည်း ဆောင်ရွက်ပေးပါတယ်။ နို့ဦးရည်က ကလေးရဲ့ ဝမ်းသွားမှုနဲ့ ပတ်သက်လို့လည်း အကူအညီတွေ ပေးပြန်ပါတယ်။ဝမ်းသွားတာမှန်လေ ကလေးအတွက် ကောင်းလေလေ ပါပဲ။ ၂။ မိခင်နို့…

Leave a Reply

Your email address will not be published. Required fields are marked *