ကလေးနို့ဝမဝ ဘယ်လိုသိနိုင်မလဲ

မေမေတို့ရေ…. ဒီနေ့တော့ ရင်သွေးလေးတွေကို မေမေတို့က မိခင်နို့ကောင်းကောင်းတိုက်ကျွေးနိုင်တယ်(သို့) ကလေးကမိခင်နို့ ကောင်းကောင်းရနေတယ်ဆိုတာ သိနိုင်တဲ့ အချက်တွေကို စုစည်းပြီး ဖော်ပြပေးလိုက်ပါတယ်…

မေမေ့ရဲ့ ဘေဘီလေးက

· တက်ကြွပြီး နိုးကြားလှုပ်ရှားနေမယ်

· နို့စို့ပြီးချိန်မှာ ပျော်ရွှင်ပြီး ကျေနပ်နေမယ်

· ၂၄နာရီအတွင်း အနည်းဆုံး ၈ ကြိမ် မိခင်နို့တိုက်ကျွေးတာ ခံရမယ်

· နို့တိုက်နေတဲ့အချိန်မှာ ကလေးရဲ့အခြေအနေကိုကြည့်တဲ့အခါမှာ ကလေးက နို့ကို မျိုချနေတာ တွေ့ရမယ်

· ကိုယ်အလေးချိန် နေ့စဉ် ၂၅ ဂရမ် မှ ၃၅ ဂရမ်ကြား အလေးချိန်တိုးလာမယ်

(ရင်သွေးငယ်လေးက ပထမ ၅ ရက်အတွင်းမှာ မွေးစကိုယ်အလေးချိန်ရဲ့ ၇% ထက်လျော့လာပါတယ်…. ဒါပေမယ့် ၁၀ ရက်မြောက်မှာတော့ မွေးစအလေးချိန်ဆီသို့ ပြန်လည်ရောက်ရှိလာပါတယ်…)

· တတိယမြောက်နေ့မှာ ဝမ်း (၃) ကြိမ် ဒါမှမဟုတ် ဒါထက်ပိုပြီး သွားပါတယ်…ငါးရက်မြောက်ရောက်ရင်တော့ အဝါရောင် ဝမ်းပျော့ပျော့လေးတွေ ၄ ကြိမ် ဒါမှမဟုတ် ဒါထက် ပိုပြီး သွားတတ်ပါတယ်…

· မွေးပြီး ၁ရက်မှာ သွားတဲ့ ဝမ်းအမည်းရောင်က ၅ ရက်လောက်ရောက်ရင် အဝါရောင်ကို ပြောင်းသွားပါတယ်… နောက်ပိုင်းတောက်လျှောက် အဲဒီအဝါရောင်ဘဲ ဆက်ပြီးတော့ သွားပါတယ်….

· မွေးပြီး ၅ ရက်မြောက်ရှိပြီဆိုရင် ကလေးက အရောင်ဖျော့တဲ့ ဆီး (၆) ကြိမ် နှင့် အထက် သွားပါတယ်။ နောက်ပိုင်းတောက်လျှောက်လည်း ဆီးက ၆ ကြိမ်နဲ့ အထက် ရှိရပါမယ်။

အခုဆက်ပြောမယ့်အချက်တွေကတော့ ရင်သွေးလေးက မိခင်နို့ကောင်းကောင်းမရဘူးလို့ပြောနိုင်မဲ့ လက္ခဏာလေးတွေပါဘဲ။

· ရင်သွေးလေးက အရမ်းအိပ်ချင်နေမယ်

· မိခင်နို့တိုက်ပြီးတော့လဲ ဂနာမငြိမ်ဖြစ်နေမယ်..

· (၂၄) နာရီအတွင်း အနည်းဆုံး ၈ ကြိမ် မိခင်နို့မတိုက်ကျွေးဖြစ်ခဲ့တာတွေရှိမယ်…

· မေမေတို့နို့တိုက်နေတဲ့အချိန်မှာ ကလေးရဲ့အခြေအနေကို ကြည့်တဲ့အခါမှာ ကလေးက နို့ကို မျိုချနေတာမျိုး မမြင်မကြား/မခံစားရတာမျိုးရှိမယ်….

· ကိုယ်အလေးချိန် မတိုးဘဲ ဖြစ်နေမယ် (ရင်သွေးငယ်လေးက ပထမ (၅) ရက်အတွင်းမှာ မွေးစကိုယ်အလေးချိန်ရဲ့၇% ထက်ပိုပြီး လျော့လာပေမယ့် ၁၀ ရက်မြောက်မှာမွေးစအလေးချိန်ဆီသို့ ပြန်လည်ရောက်ရှိမလာတာမျိုး ဖြစ်မယ် )

· တတိယမြောက်နေ့မှာ ရင်သွေးလေးရဲ့ ဝမ်းသွားတဲ့ အကြိမ်က (၃) ကြိမ် ထက်နည်းမယ်၊ ငါးရက်မြောက် ရောက်တော့လဲ အရောင်က အညိုရင့် (သို့) အမည်းရောင်ပဲ ဖြစ်နေမယ်…

·ဝမ်းအမည်းရောင်က (၅) ရက်လောက်ရောက်တဲ့အထိ အဝါရောင်ကို မပြောင်းဘဲနဲ့ အမည်းရောင် အဖြစ်နဲ့ဘဲ ရှိနေမယ်….

· (၅) ရက်မြောက်တဲ့နေ့အထိ ဆီးအရောင်က အနီရောင် ဒါမှမဟုတ် အဝါရင့်ရောင်တွေဘဲ ဖြစ်နေပြီးတော့ (၆) ကြိမ်ထက် နည်းနေမယ်…

အဲဒီလက္ခဏာတွေပြသလာခဲ့ရင်တော့ ဆေးကုသမှု ခံယူရမှာ ဖြစ်ပါတယ်…

ရင်သွေးငယ်တို့ ကိုယ်အလေးချိန်တက်လာတယ်ဆိုတာက သူတို့ဟာ လုံလောက်တဲ့ မိခင်နို့ကို ရရှိနေပြီဆိုတဲ့ အကောင်းဆုံးလက္ခဏာဖြစ်ပါတယ်။

(၁) လကနေ (၃) လ အတွင်းရင်သွေးငယ်တွေက တစ်လကို (၁.၅) ပေါင်ကနေ (၂.၅) ပေါင်တိုးသင့်ပါတယ်… (၄) လ ကနေ (၆) လကြားမှာတော့ (၁) ပေါင်ကနေ (၂) ပေါင်လောက်ပဲ ပေါင်ချိန်တက်တော့ပြီး တက်နှုန်းကျသွားပါတယ်… (၆) လပြည့်ပြီးရင်တော့ ကလေးတွေကတစ်လကို (၁) ပေါင်အောက်လောက်ဘဲ ကိုယ်အလေးချိန်တက်ပါတော့တယ်…

ပေါင်ချိန်တိုးတာအပြင် ကလေးအရပ်ရှည်လာတာ၊ BMI Index တိုးလားတာ၊ လှုပ်ရှားလုပ်ကိုင်နိုင်စွမ်းMilestone တွေတိုးတက်လာတာတွေကလည်း ကလေးဟာ ပုံမှန်ကြီးထွားဖွံ့ဖြိုးလာနေတယ်ဆိုတာကိုပြသပါတယ်… ဒါကြောင့်မို့ ကိုယ့်ကလေးမှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)က သတ်မှတ်ထားတဲ့ စံနှုန်းတွေအတိုင်း တိုးတက်မှုတွေ ရှိနေသလားဆိုတာ လစဥ် စစ်ဆေးကြည့်သင့်ပါတယ်…

မိခင်နို့တိုက်ကျွေးခြင်းနဲ့ပါတ်သက်လို့အချင်းချင်း အတွေ့အကြုံ ဗဟုသုတတွေ မျှဝေနိုင်ဖို့၊ အခက်အခဲတွေကို အတူတကွ ဖြေရှင်းနိုင်ဖို့မေ့မေ့ချိုချိုဆိုတဲ့ Group လေးလုပ်ထားပါတယ်။ လင့် လေးကိုနှိပ် Group Member တင်ဖို့ ဖိတ်ခေါ်ပါတယ်။ Member ဝင်တဲ့အခါ မေးခွန်းလေးတွေကိုဖြေပေးဖို့ မမေ့ပါနဲ့နော်။

မေမေ့ချိုချို Group ကို ဝင်ရန်။ http://bit.ly/maymaychocho

Similar Posts

  • မွေးကင်းစကလေးရဲ့ အစာအိမ်အရွယ်အစား

    ဖေဖေ မေမေ ဖိုးဖိုး ဖွားဖွားတို့ရေ… ရက်သားကလေးငယ်ရဲ့ အစာအိမ်က တော်တော်သေးပါတယ်… ဘယ်လောက်ထိသေးလဲဆိုရင် စပျစ်သီးခပ်ကြီးကြီးအရွယ်လောက်ပဲရှိပြီးအရည်လက်ဖက်ရည်ဇွန်း တစ်ဇွန်းလောက်ဆို ဗိုက်ပြည့်သွားတာပါပဲ… ဒီတော့ တခြားအရည်တွေတိုက်လို့ ကလေးအစာအိမ်သေးသေးလေးက ပြည့်နေရင်ကလေးက နို့ကောင်းကောင်းမစို့တော့ပါဘူး… အဲလိုဖြစ်ရင် ကြီးမားတဲ့ နောက်ဆက်တွဲအနေနဲ့ ပြသနာ (၂) ခု ထပ်ပေါ်တတ်ပါတယ်… (၁) မေမေရဲ့နို့တွေ တင်းလာမယ်… ပြီးတော့ ကလေးကို ကောင်းကောင်း နို့တိုက်လို့မရဘူး… အဲဒီတော့ မေမေ့နို့တွေက တင်းပြီး နာလာမယ်…. (၂) ကလေးက ကောင်းကောင်းနို့မစို့တော့လို့ နို့ထွက်တာ နှောင့်နှေးလာမယ်၊ နို့ထွက်နည်းလာမယ်… သဘာဝအလျောက်ပုံမှန်ထွက်ရှိမှုနှုန်း မရှိသလို ဖြစ်လာမယ်… နောက်တော့ မေမေတွေနဲ့ မိသားစုဝင်တွေက မိခင်မှာ နို့မလုံလောက်ဖူးဆိုတဲ့အမြင်တွေ မြင်လာတော့တာပါပဲ… ဒီနေရာမှာ အထူးသတိပေးချင်တာက မိခင်နို့ဆိုတာကလေးများများစို့မှ မေမေ့ဆီက နို့များများ ထွက်လာတာပါ……

  • ကိုယ်ဝန်ဆောင်နေစဥ်အတွင်းဘယ်လို စားသောက်ရမလဲ

    ကိုယ်ဝန်ဆောင်နေစဥ်အတွင်းဘယ်လို စားသုံးရမလဲ အောက်ပါအချက်တွေကတော့ကိုယ်ဝန်ဆောင်နေစဥ်အတွင်းမှာ မိခင်အနေနဲ့ ဘယ်လိုစားသုံးရမယ်ဆိုတဲ့ အကြံပြုချက်အချို့ ဖြစ်ပါတယ်။ ၁။နေ့စဥ်အစားအစာမှာ အစာအုပ်စု (၃)စုပါအောင် စားပေးပါ။ ( အင်အားဖြစ်စေသောအစာ၊ ခန္ဓာကိုယ်ကြီးထွားစေသောအစာ၊ရောဂါကာကွယ်စေသောအစာ) ၂။ အသားဓာတ်ကို အောက်ပါအစားအစာတို့မှ ရွေးချယ်စားသောက်နိုင်ပါတယ်။ (ဥအမျိူးမျိုး၊ကြက်သား၊ဘဲသား၊ဝက်သား၊ဆိတ်သား၊ငါး၊ပင်လယ်စာ၊ပဲအမျိုးမျိုး၊တို့ဖူး၊နွားနို့၊ပဲနို့ စသည်…) ၃။ ပင်လယ်စာများဟာ အိုမီဂါ (၃) ကြွယ်ဝတဲ့အစားအစာ ဖြစ်ပါတယ်။ အိုမီဂါ (၃) ဟာ ကလေးငယ်တွေဦးနှောက်ဖွံ့ဖြိုးဖို့ အရေးပါပါတယ်။ ပင်လယ်ငါး ကြီးတာတွေ ဥပမာ-တူနာ၊ငါးမန်း၊ စတဲ့ငါးကြီးတွေကတော့မာကျူရီ/ ပြဒါးဓါတ် ပါတတ်လို့ မစားသင့်ပါဘူး။ ၄။ တခြား ငါး၊ ပုဇွန်၊ပင်လယ်စာတွေတော့ စားလို့ရပါတယ်။ တစ်ပတ်မှာ ငါးကို ၆ ကြိမ် ၇ ကြိမ် စားဖို့အကြံပြုထားတာတွေလည်း ရှိပါတယ်။ ရေချိုငါး၊ ပင်လယ်စာ( ပုဇွန်၊ ဂဏာန်း၊…

  • ကလေးနို့ရည်ရတာ လုံလောက်၊ မလောက် သိနိုင်တဲ့ အချက်များ

    မေမေတို့ရေ…. ဒီနေ့တော့ ရင်သွေးကလေးတွေကို ပထမလတွေထဲမှာမိခင်နို့ကောင်းကောင်းတိုက်ကျွေးနိုင်တယ်ဆိုတာ သိနိုင်တဲ့ အချက်တွေကို စုစည်းပြီးဖော်ပြပေးလိုက်ပါတယ်… မေမေ့ရဲ့ ဘေဘီလေးက အခုဆက်ပြောမယ့်အချက်တွေကတော့ရင်သွေးလေးက မိခင်နို့ကောင်းကောင်းမရဘူး လို့ပြောနိုင်မဲ့ လက္ခဏာလေးတွေပါဘဲ။ အဲဒီနိမိတ်လက္ခဏာတွေပြသလာခဲ့ရင်တော့ ဆေးကုသမှုခံယူရမှာ ဖြစ်ပါတယ်… ရင်သွေးငယ်တို့ကိုယ်အလေးချိန်တက်လာတယ်ဆိုတာက သူတို့ဟာ လုံလောက်တဲ့ ကိုယ်အလေးချိန် ရှိလာပြီဆိုတဲ့အကောင်းဆုံးလက္ခဏာဖြစ်ပါတယ်။ (၁) လကနေ (၃) လ အတွင်းရင်သွေးငယ်တွေက တစ်လကို (၁.၅) ပေါင်ကနေ (၂.၅) ပေါင်တိုးသင့်ပါတယ်… (၄) လ ကနေ (၆) လကြားမှာတော့ (၁) ပေါင်ကနေ (၂) ပေါင်လောက်ပဲ ပေါင်ချိန်တက်တော့ပြီး တက်နှုန်းကျသွားပါတယ်… (၆) လပြည့်ပြီးရင်တော့ ကလေးတွေကတစ်လကို (၁) ပေါင်အောက်လောက်ဘဲ ကိုယ်အလေးချိန်တက်ပါတော့တယ်… ပေါင်ချိန်တိုးတာမပြင် ကလေးအရပ်ရှည်လာတာ၊ BMI Index တိုးလားတာ၊ လှုပ်ရှားလုပ်ကိုင်နိုင်စွမ်းMilestone တွေတိုးတက်လာတာတွေကလည်း ကလေးဟာ ပုံမှန်ကြီးထွားဖွံ့ဖြိုးလာနေတယ်ဆိုတာကိုပြသနိုင်ပါတယ်… ဒါကြောင့်မို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)ကသတ်မှတ်ထားတဲ့ စံနှုန်းတွေအတိုင်း…

  • |

    မိခင်နို့နဲ့ နို့မှုန့်ဘာတွေကွာခြားသလဲဆိုတာကိုအသေးစိတ်နှိုင်းယှဥ်ပြထားတာလေး

    မေမေ ဖေဖေတို့ရေ… ဒီနေ့တော့ မိခင်နို့နဲ့ နို့မှုန့်ဘာတွေကွာခြားသလဲဆိုတာကိုအသေးစိတ်နှိုင်းယှဥ်ပြထားတာလေးကို မျှဝေပေးပါရစေ… မေမေ့နို့ရည်ကတော့ဘာနဲ့မှ နှိုုင်းယှဉ်လို့မရတာ အသေအချာပါပဲ… မေမေ့ခန္ဓာကိုယ်ကနေ ရင်သွေးလေးအတွက် ထုတ်လုပ်ပေးတဲ့နို့ကို ဘယ်အရာကမှ အတုအပ မလုပ်နိုင်ပါဘူး…. မေမေနို့ရည်မှာ ပါဝင်နေတဲ့အမျိုးအမည်ပေါင်း ၁၀၀၀၀၀ ကျော်ရှိပါတယ်… အဲဒါတွေအားလုံးက ကလေးရဲ့ခန္ဓာကိုယ်နဲ့ဦးနှောက်ကို ကောင်းကောင်း ကြီးထွားဖွံ့ဖြိုးစေဖို့၊ ကလေးငယ်ဘဝ/လူကြီးဘဝတလျောက်မှာ အကောင်းဆုံးကိုယ်ခံစွမ်းအား ရှိစေဖို့၊ လူကြီးဘဝမှာလည်း ကျန်းမာစေဖို့ လုပ်ဆောင်ပေးပါတယ်… မိခင်နို့တစ်စက်မှာ ကလးငယ်တွေကို ရောဂါပိုးတွေက ကာကွယ်ပေးဖို့ သွေးဖြူဥ ၁,၀၀၀,၀၀၀ ပါရှိတယ်…… ဒါတွေကို ပုံတူကူး ထုတ်လုပ်လို့မရပါဘူး…. ဘယ်အမှတ်အသားနှင့်ဘယ်အမှတ်တံဆိပ်ကမှ မိခင်နို့ရဲ့ တုနှိုင်းမမီတဲ့ စံ ကို မယှဉ်ပြိုင် နိုင်ပါဘူးလို့ပဲ ပြောချင်ပါတယ်…. *သက်ရှိဆဲလ်နဲ့ သက်မဲ့ ဆဲလ်များ* မိခင်နို့က အသက်ရှိတယ်လို့ပြောလို့ရတဲ့ရှင်သန်လှုပ်ရှားနေတဲ့ ဆဲလ်အရှင်တွေနဲ့စုဖွဲ့ထားတယ်… ရင်သွေးငယ်ကို ဘက်တီးရီးယားပိုးတွေတိုက်ခိုက်ခြင်းကနေကာကွယ်ဖို့…

  • မိခင်နို့ကို မွေးပြီး (၁) နာရီအတွင်း ဘယ်လိုတိုက်ကျွေးမလဲ

    ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) နှင့် အခြားနိုင်ငံတစ်ကာအဖွဲ့အစည်းတွေအားလုံးက မိခင်နို့ကို ကလေးမွေးပြီးပြီးချင်း စောနိုင်သမျှ စောစော (တစ်နာရီအတွင်း) တိုက်ကျွေးဖို့ အားပေးတိုက်တွန်းထားပါတယ်။ ဒီလိုလုပ်ဆောင်နိုင်အောင် ဘာတွေလုပ်သင့်တယ်ဆိုတဲ့ အကြံပြုချက်တွေကို ဒီဗွီဒီယိုလေးမှာ လေ့လာနိုင်ပါတယ်။  Video Credit: Global Health Media Project and Save the Children မိခင်နို့တိုက်ကျွေးတာနဲ့ပါတ်သက်လို့ အခက်အခဲရှိရင် Healthy and Happy Families ကိုဆက်သွယ် အကူအညီတောင်းနိုင်ပါတယ်။ Healthy and Happy Families ရဲ့ Facebook မှာလည်း ဗဟုသုတဖြစ်ဖွယ် အကြောင်းအရာတွေကို သွားရောက် ဖတ်ရှုနိုင်ပါတယ်။ မိခင်နို့တိုက်ကျွေးခြင်းဆိုင်ရာ အကြောင်းအရာတွေကို အခြား မိခင်များနဲ့ အတူတကွ ဆွေးနွေးမျှဝေနိုင်ဖို့ မေမေ့ချိုချို Facebook Group ကိုလည်း Join လုပ်ထားဖို့…

  • |

    နို့တိုက်မိခင် ကော်ဖီသောက်လို့ရလား

    ကော်ဖီကြိုက်တဲ့ မေမေတို့အတွက်တော့ ဒီမေးခွန်းလေးက စိတ်ဝင်စားဖို့ ကောင်းပါလိမ့်မယ်။ ပုံမှန်ကော်ဖီ ၂ ခွက်စာလောက်အထိမှာ ပါတဲ့ ကဖိန်းဓာတ် က မိခင်နို့တိုက်ကျွေးနေတဲ့ မေမေတွေ အတွက် အန္တရာယ်ကင်းတယ်လို့ ယူဆကြပါတယ်။ ၂ ခွက်ထက် ပိုပြီး သောက်ရင်တော့ ကလေးက ကဂျီကဂျောင်တွေများပြီး ကောင်းကောင်းအိပ်တော့မှာ မဟုတ်တော့ပါဘူး။ ကဖိန်းဓာတ်တွေပါတဲ့ အစားအစာတွေမှာ ကော်ဖီ၊ လက်ဖက်ရည်၊ ချောကလက်၊ ကာဗွန်နိတ်ပါတဲ့ အချိုရည်တွေ၊ ဆော်ဒါတွေနဲ့ စွမ်းအင်ကိုပေးတယ်လို့ ဆိုတဲ့ အချိုရည်တွေ ပါဝင်နေပါတယ်။ ကိုယ်ဝန်ဆောင်မေမေတွေရော၊ မိခင်နို့တိုက်နေတဲ့ မေမေတွေရော ဆော်ဒါနဲ့ အားဖြည့်အချိုရည်တွေလို သကြားလို ချိုတဲ့ အဖျော်ယမကာ တွေကို ရှောင်ကြဉ်ရမှာပါ။ မိခင်နို့တိုက်ကျွေးခြင်းနဲ့ပါတ်သက်လို့အချင်းချင်း အတွေ့အကြုံ ဗဟုသုတတွေ မျှဝေနိုင်ဖို့၊ အခက်အခဲတွေကို အတူတကွ ဖြေရှင်းနိုင်ဖို့မေ့မေ့ချိုချိုဆိုတဲ့ Group လေးလုပ်ထားပါတယ်။ လင့် လေးကိုနှိပ် Group…

Leave a Reply

Your email address will not be published. Required fields are marked *