|

နို့တိုက်မိခင်အနေနဲ့ အချို့အစားအစာတွေက ကလေးကို အနေခက်စေသလား

ကလေးတစ်‌ယောက်နဲ့တစ်ယောက်ဟာ မတူကြပါဘူး။ မေမေတို့စားတဲ့အစားအစာပေါ်မှာ ခံနိုင်ရည်ရှိမှုလည်း မတူကြပါဘူး။ တချို့ကလေးတွေမှာ အစားအစာနဲ့ ဆေးတွေက သူတို့ကို အနေခက်စေ၊ ကသိကအောက် ဖြစ်စေနိုင်ပါတယ်။သက်ကြီးလာတာနဲ့အမျှ သူတို့ရဲ့ ခံနိုင်ရည်ရှိမှု တိုးတက်လာကြတယ်။ မေမေတို့အပူအစပ်တွေ အချဥ်တွေ စားလို့ ကလေးက အနေခက်တယ်ဆိုတာ မမှန်ပါဘူး။ ‌ရှေးရိုးစွဲအယူအဆသာဖြစ်ပါတယ်။

ကဖင်းဓာတ် တစ်ခွက်နှစ်ခွက်သောက်တာ နို့တိုက်မိခင်တွေအတွက် အဆင်ပြေပါတယ်။ နှစ်ခွက် ထက်ပိုရင်အရမ်းများသွားရင် ကလေးမအိပ်နိုင်ပဲ နေရထိုင်ရခက်တာကို ဖြစ်စေပါနိုင်တယ်။ကဖင်းဓာတ်ပါတဲ့အစားအစာတွေက ကော်ဖီ၊ လက်ဖက်ရည်၊ ချောကလက်၊ ကာဗွန်ပါတဲ့အချိုရည်တွေ၊ဆိုဒါ၊ အားဖြည့်အချိုရည်တွေပဲ ဖြစ်ပါတယ်။

မိခင်နို့တိုက်ကျွေးခြင်းနဲ့ပါတ်သက်လို့အချင်းချင်း အတွေ့အကြုံ ဗဟုသုတတွေ မျှဝေနိုင်ဖို့၊ အခက်အခဲတွေကို အတူတကွ ဖြေရှင်းနိုင်ဖို့မေ့မေ့ချိုချိုဆိုတဲ့ Group လေးလုပ်ထားပါတယ်။ လင့် လေးကိုနှိပ် Group Member တင်ဖို့ ဖိတ်ခေါ်ပါတယ်။ Member ဝင်တဲ့အခါ မေးခွန်းလေးတွေကိုဖြေပေးဖို့ မမေ့ပါနဲ့နော်။

မေမေ့ချိုချို Group ကို ဝင်ရန်။ http://bit.ly/maymaychocho

Similar Posts

  • |

    မိခင်နို့နှင့် အခြားအရာများရောနှောကျွေးမွေးခြင်း Mixed feeding

    ဖေဖေမေမေတို့ရေ… ဒီနေ့ပြောပြချင်တာကတော့ Mixed Feeding လို့ခေါ်တဲ့မိခင်နို့နဲ့ တခြားအရာများ ရော‌နှောကျွေးမွေးခြင်းအကြောင်းလေးပါ… Mixed Feeding ဆိုတာ မိခင်နို့နဲ့ နို့မှုန့် သို့မဟုတ် ရေ၊တခြားအစားအစာနဲ့ အရည်တွေ ရော‌နှော ကျွေးမွေးခြင်းကို ဆိုလိုပါတယ်… Mixed Feeding လုပ်တာရော အိုကေရဲ့လား… ဒီလိုရောနှောကျွေးတာရဲ့အန္တရာယ်ဟာ အရင်ရက်ပိုင်းက မျှဝေခဲ့တဲ့ မိခင်နို့မရတဲ့ ကလေးတွေ ဖြစ်တတ်တဲ့အန္တရာယ်တွေနဲ့ အတူတူပဲ ဖြစ်ပါတယ်…. အောက်ကလင့်မှာ ရှာဖတ်ကြည့်လို့ရပါတယ်… fb://photo/1503231806678606?set=a.983193882015737&sfnsn=mo ဒီလိုအကြောင်းတွေပြောရတာ တစ်ခါတစ်လေ အချို့အကြောင်းအမျိုးမျိုးကြောင့် မိခင်နို့မတိုက်ဖြစ်တဲ့ မေမေတွေကို စိတ်မကောင်းဖြစ်စေတတ်တာမျိုးမိုလို့ အဲ့လိုရည်ရွယ်ချက်မျိုး လုံးဝမရှိတဲ့အကြောင်း ပြောပါရစေ… ဒါပေမယ့် မှန်ကန်တဲ့သတင်းအချက်အလက်ဗဟုသုတတွေကို မျှဝေလိုတဲ့ စေတနာမှန်နဲ့ပဲ ဆက်လက်မျှဝေပေးနေတာ ဖြစ်ပါတယ်… မိဘတွေဟာသူတို့သားသမီးတွေ အတွက် ဘာတိုက်ကျွေးမယ်ဆိုတာ ရွေးချယ်ခွင့်ရှိပေမယ့်ကို ယ်တိုက်ကျွေးမယ့် အရာမှာပါတဲ့ ပါဝင်ပစ္စည်းတွေနဲ့…

  • | |

    မေမေတို့ မိခင်နို့တိုက်နေစဉ်အခါမှာ အရက်သေစာသောက်လို့ရနိုင်ပါသလား

    ဒီတစ်ခါလည်း စိတ်ဝင်စားသွားကြပြီ မဟုတ်လား။ အရက်သေစာ သောက်သုံးတာက မေမေနဲ့ ကလေးအတွက် အန္တရာယ်ရှိနိုင်ပါတယ်။ အရက်က မိခင်ရဲ့ စိတ်စွမ်းရည် ကို အကျိုးသက်ရောက်စေပါတယ်။ ပြောချင်တာကတော့ မေမေတို့ရဲ့ ကလေးကိုပြုစုစောင့်ရှောက်နိုင်စွမ်းကို ထိခိုက်စေတာပါဘဲ။ အရက်သေစာ သောက်သုံးမှုအတွက် အကန့်အသတ်တွေရှိပါတယ်။ အဲဒါကတော့ ဝိုင်ဆိုရင် ၄ အောင်စ၊ ဘီယာဆိုရင် ၁၂ အောင်စ၊ အရက် ၊ဝီစကီ၊ ရမ် တို့လို အရက်ပါဝင်မှုမြင့်တဲ့အရာတွေဆိုရင်တော့ ၂ အောင်စ လောက်ပဲ သောက်ရပါမယ်။ တစ်ပတ်ကို တစ်ကြိမ်ထက် ပိုမသောက်ဖို့လိုပါတယ်။ ဒီလိုပြော့ မေမေတို့ကို မိခင်နို့တိုက်နေစဥ်မှာ အရက်သောက်ဖို့ မြှောက်ပေးတယ်လို့ မယူဆစေလိုပါဘူး။   အချို့မေမေတွေက မေးတတ်လို့ မျှဝေပေးတာပဲဖြစ်ပါတယ်။ အရက်က နို့အရသာ အပြောင်းအလဲ ဖြစ်စေပါတယ်။ မိခင်နို့တိုက်တဲ့အချိန်ကို တိုတောင်းစေလို့ နို့စို့ကလေးတွေ…

  • |

    နို့ထွက်ကောင်းအောင် ဘာတွေ စားရမလဲ​

    ဒီမေးခွန်းကို မေ‌မေတော်တော်များများ မေးလေ့ရှိပါတယ်။ မေမေတို့နေ့စဉ်စားတဲ့အစာတွေ ထဲမှာ အစာအုပ်စု (၃) မျိုးက အစားအစာတွေပါစေရပါမယ်။ မိခင်နို့တိုက်တဲ့မေမေတွေက မိခင်နို့တိုက်ကျွေးခြင်းနဲ့ပါတ်သက်လို့အချင်းချင်းအတွေ့အကြုံ ဗဟုသုတတွေ မျှဝေနိုင်ဖို့၊ အခက်အခဲတွေကို အတူတကွဖြေရှင်းနိုင်ဖို့မေ့မေ့ချိုချိုဆိုတဲ့ Group လေးလုပ်ထားပါတယ်။လင့် လေးကိုနှိပ် Group Member တင်ဖို့ ဖိတ်ခေါ်ပါတယ်။ Member ဝင်တဲ့အခါ မေးခွန်းလေးတွေကိုဖြေပေးဖို့ မမေ့ပါနဲ့နော်။ မေမေ့ချိုချို Group ကို ဝင်ရန်။ http://bit.ly/maymaychocho

  • အာဟာရအခြေအနေကို စောင့်ကြည့်ခြင်း

    ကလေးငယ်များ၏ အာဟာရဖွံ့ဖြိုးတိုးတက်မှုကို စောင့်ကြည့်သည့် နည်းလမ်းများစွာရှိသည့်အနက် ကိုယ်အလေးချိန်နှင့် အရပ်တို့ကို ပုံမှန်တိုင်းတာ စောင့်ကြည့်ခြင်းသည် အလွယ်ကူဆုံးနည်းလမ်းတစ်ခုဖြစ်ပါသည်။ ကလေးငယ်များ၏ အာဟာရအခြေအနေကို စောင့်ကြည့်ရာတွင် အသုံးပြုသည့် Chart များကို ဤစာမျက်နှာတွင် ဖော်ပြမျှဝေပေးထားပါသည်။​ ဤ Chart များအား World Health Organization မှ ပြုလုပ်ထားခြင်း ဖြစ်ပါသည်။ Chart အမျိုးအစားများစွာရှိသည့်အနက်မှ ကြည့်ရှုအသုံးပြုရလွယ်ကူသည့် အမျိုးအစားများကိုသာ ရွေးချယ်မျှဝေပေးထားခြင်း ဖြစ်ပါသည်။ Chart များကို သိရှိလိုသည့် အာဟာရအမျိုးအစား၊ အသက်အရွယ်နှင့် ကျား/မ တို့ပေါ် မူတည်၍​ အသုံးပြုရမည်ဖြစ်ပါသည်။​ ထိုသို့အသုံးပြုရာတွင် သင့်လျှော်သည့် အမျိုးအစားရွေးချယ်နိုင်ရန်နှင့် ကောင်းမွန်စွာ အသုံးပြုနိုင်ရန် ဤဗွီဒီယိုလေးကို အရင်ကြည့်ရှု့လေ့လာရန် တိုက်တွန်းအပ်ပါသည်။​ ဒို့မိသားစုလေးရဲ့ Youtube Channel လေးကိုလည်း Subscribe လုပ်ထားပေးဖို့…

  • |

    မေမေတွေအားလုံးက နို့ဦးရည်ထုတ်နိုင်ပါတယ်

    ဖေဖေ၊ မေမေ၊ ဖိုးဖိုး၊ ဖွားဖွားတို့ရေ… အချို့မိခင်တွေမှာ မီးဖွားပြီးပြီးချင်း “နို့ရည်မရှိ”ဘူး ဆိုပြီး ပတ်ဝန်းကျင်မှာ ယုံကြည်ပြောဆိုနေကြတာတွေ တွေ့ရပါတယ်… အမှန်တော့ မိခင်ရဲ့ခန္ဓာကိုယ်မှာ ကိုယ်ဝန်ဆောင်ချိန် ၄ လ ကတည်းက ရင်သွေးလေးအတွက် နို့ဦးရည်က အဆင်သင့်ရှိနေပြီ ဆိုတာပါပဲ… မိခင်နို့ပုံမှန်ထွက်ဖို့ (၂) ရက်မှ(၃) ရက်လောက်ကြာတတ်ပါတယ်… “နို့ရည်မရှိ” ဆိုတဲ့မှားယွင်းတဲ့ယုံကြည်ချက်က မိခင်တွေကို တခြား အရည်တွေ တိုက်ကျွေးဖို့ ဖိအားပေးနေသလိုဖြစ်နေပါတယ်… “နို့ရည်မရှိဘူး” လို အပြောခံရတဲ့အခါ၊ ခံစားလာရတဲ့အခါ မိခင်တွေက သူ့တို့ရဲ့နို့ရည်ထုတ်လုပ်နိုင်စွမ်း အပေါ် ယုံကြည်မှု နည်းသွားစေပါတယ်… မိခင်အသစ်တွေဆိုရင် အားငယ်တာနဲ့စိတ်ဓာတ်ကျတာတွေဖြစ်လာစေပါတယ်… မေမေတွေအနေနဲ့ မိမိရင်သွေးငယ်တွေ ကျန်းမာရေးအတွက်ဆိုရင် အကောင်းဆုံး အမှန်ကန်ဆုံးဆိုတဲ့ ဗဟုသုတတွေ၊သတင်းအချက်အလက်တွေ နားလည်သဘောပေါက်နေဖို့က အရေးကြီးပါတယ်… အမှန်တကယ်တော့ မနေ့ကတင်တဲ့ ပို့စ်မှာ ပြောခဲ့သလိုပဲ…

  • | | |

    ဒို့မိသားစုလေးမှာ အွန်လိုင်းသင်တန်းတွေတက်နည်း

    ဒို့မိသားစုလေးရေ Website ပေါ်ကနေ အွန်လိုင်းသင်တန်းတွေကို စတင်ပို့ချပေးနေပါပြီ။​ သင်တန်းတွေက self-paced လို့ခေါ်တဲ့ ကိုယ်အားတဲ့အချိန်မှာ အဆင်ပြေသလို သင်ယူလို့ရတဲ့ သင်တန်းတွေပဲ ဖြစ်ပါတယ်။ ဒို့မိသားစုလေးက ဖွင့်လှစ်ထားတဲ့ သင်တန်းတွေကို ဒီမှာလေ့လာကြည့်လို့ရပါတယ်။ ဒီဗွီဒီယိုလေးကတော့ သင်တန်းတွေတက်ချင်ရင် ဘယ်လိုတက်ရမှာလဲဆိုတာကို ရှင်းပြပေးထားတဲ့ ဗွီဒီယိုလေးပဲဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *