| | |

မိမိစိတ်ကြိုက်အချိန်၌ စိတ်အေးချမ်းသာစွာ လေ့လာနိုင်မည့် သင်တန်းစနစ်သစ် (Self-paced Learning) အကြောင်း သိကောင်းစရာ


✨ မိမိစိတ်ကြိုက်အချိန်၌ စိတ်အေးချမ်းသာစွာ လေ့လာနိုင်မည့် သင်တန်းစနစ်သစ် (Self-paced Learning) အကြောင်း သိကောင်းစရာ ✨

မင်္ဂလာပါ မေမေတို့ရေ…

အိမ်မှုကိစ္စတစ်ဖက်၊ ရင်သွေးလေးအရေးတစ်ဖက်နဲ့ အမြဲအလုပ်ရှုပ်နေရတဲ့ မေမေတို့အတွက် သင်တန်းတက်ရတာ ပိုမိုလွယ်ကူ အဆင်ပြေသွားစေဖို့ ကျွန်မတို့ရဲ့ Website မှာ Self-paced Learning (မိမိအဆင်ပြေသည့်အချိန်တွင် လေ့လာနိုင်သောစနစ်) ကို အဆင့်မြှင့်တင် ပြောင်းလဲလိုက်ပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်ရှင်။

🌟 Self-paced Learning ဆိုတာ ဘာလဲ?

အရင်လို သတ်မှတ်ထားတဲ့အချိန်မှာ Zoom ထဲဝင်စရာမလိုဘဲ မိမိအားလပ်တဲ့အချိန် (ဥပမာ – ရင်သွေးလေး အိပ်ပျော်နေချိန်၊ ညဘက်အေးအေးဆေးဆေးရှိချိန်) မျိုးမှာ Website ထဲဝင်ပြီး သင်ခန်းစာဗီဒီယိုတွေကို တစ်ခုချင်းစီ စိတ်ကြိုက်ကြည့်ရှုလေ့လာနိုင်တဲ့ စနစ်ဖြစ်ပါတယ်။


🛠️ ပြောင်းလဲသွားတဲ့ အချက်အလက်သစ်များ

၁။ သင်တန်း Dashboard (Student Dashboard)

မေမေတို့အတွက် သီးသန့် Dashboard တစ်ခု ပါရှိလာပါပြီ။ အဲဒီနေရာမှာ မိမိတက်လက်စ သင်ခန်းစာတွေ၊ ဘယ်နှရာခိုင်နှုန်းပြီးသွားပြီလဲဆိုတာနဲ့ ရရှိထားတဲ့ လက်မှတ်တွေကို တစ်စုတစ်စည်းတည်း မြင်တွေ့ရမှာပါ။

၂။ ဝယ်ယူမှုမှတ်တမ်း (Order History) ကိုယ်တိုင်စစ်ဆေးနိုင်ခြင်း

မိမိဝယ်ယူထားတဲ့ သင်တန်းအော်ဒါတွေ၊ ငွေပေးချေမှုမှတ်တမ်းတွေကို ဘယ်သူ့ကိုမှ မေးမြန်းစရာမလိုဘဲ “Orders” ကဏ္ဍမှာ ကိုယ်တိုင်ပြန်လည်ကြည့်ရှုနိုင်ပါပြီ။

၃။ သင်တန်းဆင်းလက်မှတ် (Digital Certificate) ကိုယ်တိုင်ထုတ်ယူခြင်း

သင်ခန်းစာအားလုံး ပြီးဆုံးသွားတာနဲ့ စနစ်ကနေ မိမိအမည်နဲ့တကွ သင်တန်းဆင်းလက်မှတ်ကို အလိုအလျောက် ထုတ်ပေးမှာဖြစ်ပါတယ်။ (မှတ်ချက် – လက်မှတ်ပေါ်မှာ နာမည်အမှန်ပေါ်ဖို့အတွက် Settings မှာ အမည်အရင်ပြင်ထားဖို့တော့ လိုအပ်ပါတယ်ရှင်)။


📝 သင်တန်းစတင်တက်ရောက်ရန် အဆင့်ဆင့်လမ်းညွှန်

  1. အကောင့်ဝင်ပါ (Login): အကောင့်ရှိပြီးသားဖြစ်ပါက မိမိရဲ့ User Name နှင့် Password ကို အသုံးပြု၍သော်လည်းကောင်း Fcebook သို့မဟုတ် Gmail အသုံးပြုပြီး Website ထဲသို့ လွယ်ကူစွာ ဝင်ရောက်ပါ။ အကောင့်မရှိသေးပါက မိမိ Email ကို အသုံးပြုပြီး စာရင်းပေးသွင်း (Register ပြလုပ်) ပါ။ ဤနေရာတွင် လိုအပ်သည့်လုပ်ဆောင်ချက်ကိုပြုလုပ်နိုင်ပါသည်။ Website သို့ဝင်ရောက်ရာတွင် အခက်အခဲရှိပါက Admin Team သို့ Viber နံပါတ် 09452115449 သို့မဟုတ် Messenger မှဆက်သွယ်ပါ။
  2. Dashboard သို့သွားပါ: မိမိအကောင့်ထဲရှိ “Your Courses” ကို နှိပ်ပြီး ဝယ်ယူထားသော သင်တန်းကို ရွေးချယ်ပါ။ သင်တန်းမဝယ်ယူရသေးပါက ဤနေရာတွင်ရွေးချယ် ဝယ်ယူစာရင်းသွင်းနိုင်ပါသည်။
  3. စိတ်ကြိုက်လေ့လာပါ: သင်ခန်းစာတစ်ခုချင်းစီကို နားလည်သည်အထိ ထပ်ခါတလဲလဲ ကြည့်ရှုနိုင်ပါတယ်။
  4. လက်မှတ်ရယူပါ: သင်ခန်းစာ ၁၀၀% ပြီးမြောက်ပါက “Download Certificate” ကို နှိပ်ပြီး သိမ်းဆည်းလိုက်ပါ!
  5. ယခင်ကသင်တန်းဝယ်ယူထားပြီး ယခုစနစ်သစ်တွင် သင်တန်းကိုဝင်ရောက်ရာတွင် အခက်အခဲရှိပါက Admin Team သို့ Viber နံပါတ် 09452115449 သို့မဟုတ် Messenger မှဆက်သွယ်ပါ။

🔥 အထူးသတိပြုရန် (For a Smooth Experience)

မေမေတို့အနေနဲ့ သင်တန်း Dashboard ကို အသုံးပြုရာမှာ အဆင်ပြေစေဖို့ အကောင့်ဝင်ထားမှသာ သင်ခန်းစာတွေ မြင်ရမှာဖြစ်ပါတယ်။ သင်တန်းနဲ့ပတ်သက်ပြီး အခက်အခဲရှိပါကလည်း ကျွန်မတို့ရဲ့ Viber နံပါတ် 09452115449 သို့မဟုတ် Messenger ကနေ အချိန်မရွေး ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင်။

သားသားမီးမီးတို့အတွက် အကောင်းဆုံးသော မိခင်တစ်ယောက်ဖြစ်လာဖို့ အမြဲကြိုးစားနေတဲ့ မေမေတို့အားလုံးကို ကျွန်မတို့က အစဉ်အမြဲ လေးစားဂုဏ်ယူလျက်ရှိပါတယ်။


Similar Posts

  • က​လေးတွေကို ​ရေနဲ့ နွားနို့ ဘယ်​လောက် တိုက်ရမလဲ

    အားလုံးပဲ မင်္ဂလာပါ။ အခုတစ်လော Healthy and Happy Families Facebook Page ကနေ အန်တီသဲလ်မာနဲ့ Live အမေးအဖြေလေးတွေလုပ်ဖြစ်တော့ မေးလာတဲ့မေးခွန်းတွေထဲမှာ အမေးများတဲ့ မေးခွန်းတစ်ခုက ရေတိုက်တဲ့အကြောင်းရယ်၊ နို့မှုန့်တိုက်တဲ့အကြောင်းရယ်ပါ။ ဒါကြောင့် လွန်ခဲ့တဲ့လအနည်းငယ်က တင်ထားတဲ့ အကြောင်းအရာလေးတစ်ခုကို ပိုမို ဆီလျော်အောင် ပြန်ရေးပြီး ထပ်မံမျှဝေပေးလိုက်ပါတယ်။ အကြောင်းအရာက ကလေးကိုဘယ်လိုအရည်တွေတိုက်လို့ရလဲ ဆိုတာပဲဖြစ်ပါတယ်။ တကယ်တော့ က‌လေးငယ်တွေကို တိုက်လို့ရတဲ့ သိပ္ပံနည်းကျ အထောက်အထားခိုင်မတဲ့ အရည်မျိုးအစားက သိပ်အများကြီးမရှိပါဘူး။ ကလေးတွေကိုတိုက်ရတဲ့အရည်များ နံပါတ် (၁) ကတော့ မိခင်နို့ပါ။ အသက် (၆) လအထိ မိခင်နို့တစ်မျိုးတည်းတိုက်ဖို့လိုပါတယ်။နံပါတ် (၂) ကတော့ သန့်ရှင်းတဲ့ သောက်ရေပါ။ ရေကိုတော့ အသက် (၆) လ ပြည့်တာနဲ့ တိုက်နိုင်ပါပြီ။နံပါတ် (၃) ကတော့ နွားနို့ပါ။ နွားနို့ကိုတော့ ကလေးအသက်…

  • အာဟာရအခြေအနေကို စောင့်ကြည့်ခြင်း

    ကလေးငယ်များ၏ အာဟာရဖွံ့ဖြိုးတိုးတက်မှုကို စောင့်ကြည့်သည့် နည်းလမ်းများစွာရှိသည့်အနက် ကိုယ်အလေးချိန်နှင့် အရပ်တို့ကို ပုံမှန်တိုင်းတာ စောင့်ကြည့်ခြင်းသည် အလွယ်ကူဆုံးနည်းလမ်းတစ်ခုဖြစ်ပါသည်။ ကလေးငယ်များ၏ အာဟာရအခြေအနေကို စောင့်ကြည့်ရာတွင် အသုံးပြုသည့် Chart များကို ဤစာမျက်နှာတွင် ဖော်ပြမျှဝေပေးထားပါသည်။​ ဤ Chart များအား World Health Organization မှ ပြုလုပ်ထားခြင်း ဖြစ်ပါသည်။ Chart အမျိုးအစားများစွာရှိသည့်အနက်မှ ကြည့်ရှုအသုံးပြုရလွယ်ကူသည့် အမျိုးအစားများကိုသာ ရွေးချယ်မျှဝေပေးထားခြင်း ဖြစ်ပါသည်။ Chart များကို သိရှိလိုသည့် အာဟာရအမျိုးအစား၊ အသက်အရွယ်နှင့် ကျား/မ တို့ပေါ် မူတည်၍​ အသုံးပြုရမည်ဖြစ်ပါသည်။​ ထိုသို့အသုံးပြုရာတွင် သင့်လျှော်သည့် အမျိုးအစားရွေးချယ်နိုင်ရန်နှင့် ကောင်းမွန်စွာ အသုံးပြုနိုင်ရန် ဤဗွီဒီယိုလေးကို အရင်ကြည့်ရှု့လေ့လာရန် တိုက်တွန်းအပ်ပါသည်။​ ဒို့မိသားစုလေးရဲ့ Youtube Channel လေးကိုလည်း Subscribe လုပ်ထားပေးဖို့…

  • |

    မိခင်နို့နှင့် အခြားအရာများရောနှောကျွေးမွေးခြင်း Mixed feeding

    ဖေဖေမေမေတို့ရေ… ဒီနေ့ပြောပြချင်တာကတော့ Mixed Feeding လို့ခေါ်တဲ့မိခင်နို့နဲ့ တခြားအရာများ ရော‌နှောကျွေးမွေးခြင်းအကြောင်းလေးပါ… Mixed Feeding ဆိုတာ မိခင်နို့နဲ့ နို့မှုန့် သို့မဟုတ် ရေ၊တခြားအစားအစာနဲ့ အရည်တွေ ရော‌နှော ကျွေးမွေးခြင်းကို ဆိုလိုပါတယ်… Mixed Feeding လုပ်တာရော အိုကေရဲ့လား… ဒီလိုရောနှောကျွေးတာရဲ့အန္တရာယ်ဟာ အရင်ရက်ပိုင်းက မျှဝေခဲ့တဲ့ မိခင်နို့မရတဲ့ ကလေးတွေ ဖြစ်တတ်တဲ့အန္တရာယ်တွေနဲ့ အတူတူပဲ ဖြစ်ပါတယ်…. အောက်ကလင့်မှာ ရှာဖတ်ကြည့်လို့ရပါတယ်… fb://photo/1503231806678606?set=a.983193882015737&sfnsn=mo ဒီလိုအကြောင်းတွေပြောရတာ တစ်ခါတစ်လေ အချို့အကြောင်းအမျိုးမျိုးကြောင့် မိခင်နို့မတိုက်ဖြစ်တဲ့ မေမေတွေကို စိတ်မကောင်းဖြစ်စေတတ်တာမျိုးမိုလို့ အဲ့လိုရည်ရွယ်ချက်မျိုး လုံးဝမရှိတဲ့အကြောင်း ပြောပါရစေ… ဒါပေမယ့် မှန်ကန်တဲ့သတင်းအချက်အလက်ဗဟုသုတတွေကို မျှဝေလိုတဲ့ စေတနာမှန်နဲ့ပဲ ဆက်လက်မျှဝေပေးနေတာ ဖြစ်ပါတယ်… မိဘတွေဟာသူတို့သားသမီးတွေ အတွက် ဘာတိုက်ကျွေးမယ်ဆိုတာ ရွေးချယ်ခွင့်ရှိပေမယ့်ကို ယ်တိုက်ကျွေးမယ့် အရာမှာပါတဲ့ ပါဝင်ပစ္စည်းတွေနဲ့…

  • ရွှေထက်မက အဖိုးတန်တဲ့ မိခင်နို့ဦးရည်

    မေမေတို့ရေ ဟိုးနှစ်‌ပေါင်းများစွာကတည်းကရှိခဲ့တဲ့လွဲမှားနေတဲ့ ရိုးရာဓလေ့တစ်ခုက ဘာလဲဆိုတော့ မိခင်နို့ဦးရည်ကို ကလေးကို မတိုက်ပဲ လွှင့်ပစ်ကြတာပါပဲ… တကယ်တော့ ဒီလိုလွှင့်ပစ်ခံခဲ့ရတဲ့ မိခင်နို့ဦးရည်ဟာသားသားမီးမီးတို့အတွက် ရွှေထက်အဖိုးတန်ပါတယ်… နို့ဦးရည်ဆိုတာ ကလေးမီးဖွားပြီးပြီးချင်းထွက်တဲ့ ၀ါကျင့်ကျင့်အရောင်နဲ့ နို့ရည်ကြည်ပဲဖြစ်ပါတယ်… ဒါကို နို့အဖြူမဟုတ်လို့ မသန့်ဘူး၊ကလေးကိုမတိုက်သင့်ဘူးလို့ ယူဆပြီး စွန့်ပစ်တတ်ကြပါတယ်… ကလေးငယ်လေးတွေ ရှင်သန်ရပ်တည်နိုင်ရေးအတွက် နို့ဦးရည်ကို လိုအပ်ပါတယ်…နို့ဦးရည်က မွေးကင်းစကလေးတွေအတွက် ရောဂါပေါင်းစုံကာကွယ်ဆေးအနေနဲ့အကျိုးကျေးဇူးတွေ ရှိစေပြီး ကလေးတွေကို ရောဂါ အန္တရာယ်တွေကနေ အကာအကွယ်တွေ ပေးပါတယ်…. နို့ဦးရည်ကအန္တရာယ်ရှိတဲ့ ဘက်တီးရီးယားတွေ ကလေးခန္ဓာကိုယ် ထဲကို ၀င်ရောက်တာကို ကလေးရဲ့အူလမ်းကြောင်းထဲမှာ တားဆီးကာကွယ်ပေးပါတယ်…. မွေးကင်းစကလေးငယ်တွေမှာအစာအိမ်က သေးသေးလေးပဲ ရှိနေသေးပြီးတော့ သူတို့ဗိုက်ဝဖို့ဆို နို့ဦးရေ နည်းနည်းလေးပဲ လိုအပ်ပါတယ်…. မွေးကင်းစ ကလေးငယ်တွေကို နို့မှုန့်အပါအဝင် အခြားအရည်တွေတိုက်ကျွေးမိတဲ့အခါမှာအဲဒီကာကွယ်ပေးမှုတွေက လျော့သွားပြီး ကလေးတွေမှာ ဝမ်းလျှောတာတွေ၊ ခန္ဓာကိုယ်ထဲ ရောဂါပိုးဝင်တာတွေ၊ဦးနှောက် အမြေးရောင်တာတွေ ဖြစ်စေနိုင်ပါတယ်… နို့ဦးရေထဲမှာ…

  • |

    မိိခင်နို့တိုက်ကျွေးတာနဲ့ပါတ်သက်တဲ့ အမေးများတဲ့ မေးခွန်းတွေ

    ကလေးကို မိခင်နို့တိုက်နေစဉ်မှာ နို့ဒါမှမဟုတ် နို့ထွက်ပစ္စည်းတွေကို မေမေတွေ သောက်လို့ရပါသလား ကလေးကို မိခင်နို့တိုက်နေစဉ်မှာ နို့ဒါမှမဟုတ် နို့ထွက်ပစ္စည်းတွေကို မေမေတွေ သောက်လို့ရပါသလား နို့ထွက်ပစ္စည်းတွေကကယ်လ်စီယမ်လို့ခေါ်တဲ့ ထုံးဓါတ်၊ ဗီတာမင်ဒီနဲ့ အသားဓါတ် (ပရိုတင်းဓာတ်) တွေပေါများ တဲ့ အရင်းအမြစ်တစ်ခုဖြစ်ပြီးကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေ စားသုံးသင့်ပါတယ်။ ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေအတွက်တစ်နေ့ကို သုံးခွက်လောက် သောက်ကြဖို့ တိုက်တွန်းလိုပါတယ်။ နို့တစ်ခွက်မှာ အသားဓါတ် (ပရိုတင်း) ၇ ဂရမ်၊ လိုအပ်တဲ့ထုံးဓါတ်၃၀% နဲ့ လိုအပ်တဲ့ဗီတာမင် ၂၅% ကိုရရှိစေပါတယ်။ ဖြစ်နိုင်ရင် ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေကနို့ ဒါမှမဟုတ် နို့ထွက်ပစ္စည်းတွေကို နေ့စဉ် စားသင့်ပါတယ်။ မေမေတွေက ခရမ်းသီးဟင်းစားခဲ့ရင်ကလေးတွေအီးအီးပါတဲ့အခါမှာ  မစင်ထဲမှာ အစေ့တွေပါလာမှာလား။ မေမေတွေက ခရမ်းသီးဟင်းစားခဲ့ရင်ကလေးတွေအီးအီးပါတဲ့အခါမှာ မစင်ထဲမှာ အစေ့တွေပါလာမှာလား။ တကယ်တော့ကလေးမစင်ထဲမှာ ခရမ်းသီးအစေ့တွေမပါလာပါဘူး။ မေမေတွေရဲ့ အစာခြေစနစ်နဲ့ ကလေးတွေရဲ့ အစာခြေစနစ်ကသီးခြားစီဖြစ်ပါတယ်။ မိခင်နို့တိုက်ကျွေးတာကိုခံရတဲ့ကလေးတွေက…

  • |

    ကလေးကို အစာဝါးကျွေးသင့်သလား

    ကလေးကို အစာဝါးကျွေးသင့်သလား အစာကောင်းကောင်း မဝါးနိုင်သေးတဲ့ကလေးတွေကို လူကြီးတွေက ကိုယ်တိုင်ဝါးပြီး ကျွေးပေးတတ်ပါတယ်။ များသောအားဖြင့် မိခင်/ အနီးကပ်ဆွေမျိုးသားချင်းတွေ/ ကလေးထိန်းတွေက ကလေးကို ဖြည့်စွက်စာစကျွေးတဲ့အချိန်မှာ ဒါမျိုးလုပ်ပေးလေ့ရှိပါတယ်။ ပါးစပ်ထဲမှာဝါးလိုက်တဲ့ အစာဟာ တံတွေးကြောင့် အစာလုံးဖြစ်သွားပြီး အဲဒါကို ဇွန်းထဲထည့်ကျွေးခြင်း၊ လက်နဲ့ခွံ့ကျွေးတာမျိုးတွေ လုပ်တတ်ကြပါတယ်။ (Blender) လို့ခေါ်တဲ့ အစာကြိတ်စက် အသုံးမပြုသူ တော်တော်များများက ဒီလိုဝါးကျွေးတဲ့ နည်းလမ်းကို ယခင်က အသုံးပြုကြပါတယ်။ အမှန်တကယ်တော့ ကလေးငယ်ကို ကျွေးမယ့်အစားအစာတွေကို ကြိတ်ပြီး ဒါမှမဟုတ် နူးညံ့သွားအောင် ပြုတ်ပြီး ဇွန်းနဲ့ ခြေပြီး ကျွေးနိုင်ပါတယ်။ ဝါးမကျွေးသင့်ပါဘူး။ ကလေးကို ထမင်းအပါအဝင် အစာတွေဝါးကျွေးရင် ဝါးပေးတဲ့သူရဲ့ ခံတွင်းမှာ ရှိနေတဲ့ ရောဂါပိုးမွှားတွေဟာ နုနယ်လွန်းတဲ့ ကလေးဆီ ကူးစက်နိုင်ပါတယ်။ ရောဂါပိုးမွှားဆိုတဲ့အထဲမှာ မြင်ရတဲ့ (ပါးစပ်နားမှာ…