မေမေတို့ မိခင်နို့တိုက်နေစဉ်အခါမှာ အရက်သေစာသောက်လို့ရနိုင်ပါသလား
ဒီတစ်ခါလည်း စိတ်ဝင်စားသွားကြပြီ မဟုတ်လား။ အရက်သေစာ သောက်သုံးတာက မေမေနဲ့ ကလေးအတွက် အန္တရာယ်ရှိနိုင်ပါတယ်။ အရက်က မိခင်ရဲ့ စိတ်စွမ်းရည် ကို အကျိုးသက်ရောက်စေပါတယ်။ ပြောချင်တာကတော့ မေမေတို့ရဲ့ ကလေးကိုပြုစုစောင့်ရှောက်နိုင်စွမ်းကို ထိခိုက်စေတာပါဘဲ။ အရက်သေစာ သောက်သုံးမှုအတွက် အကန့်အသတ်တွေရှိပါတယ်။ အဲဒါကတော့ ဝိုင်ဆိုရင် ၄ အောင်စ၊ ဘီယာဆိုရင် ၁၂ အောင်စ၊ အရက် ၊ဝီစကီ၊ ရမ် တို့လို အရက်ပါဝင်မှုမြင့်တဲ့အရာတွေဆိုရင်တော့ ၂ အောင်စ လောက်ပဲ သောက်ရပါမယ်။ တစ်ပတ်ကို တစ်ကြိမ်ထက် ပိုမသောက်ဖို့လိုပါတယ်။ ဒီလိုပြော့ မေမေတို့ကို မိခင်နို့တိုက်နေစဥ်မှာ အရက်သောက်ဖို့ မြှောက်ပေးတယ်လို့ မယူဆစေလိုပါဘူး။ အချို့မေမေတွေက မေးတတ်လို့ မျှဝေပေးတာပဲဖြစ်ပါတယ်။ အရက်က နို့အရသာ အပြောင်းအလဲ ဖြစ်စေပါတယ်။ မိခင်နို့တိုက်တဲ့အချိန်ကို တိုတောင်းစေလို့ နို့စို့ကလေးတွေ…
