ကလေးငယ်များ၏ အာဟာရဖွံ့ဖြိုးတိုးတက်မှုကို စောင့်ကြည့်သည့် နည်းလမ်းများစွာရှိသည့်အနက် ကိုယ်အလေးချိန်နှင့် အရပ်တို့ကို ပုံမှန်တိုင်းတာ စောင့်ကြည့်ခြင်းသည် အလွယ်ကူဆုံးနည်းလမ်းတစ်ခုဖြစ်ပါသည်။ ကလေးငယ်များ၏ အာဟာရအခြေအနေကို စောင့်ကြည့်ရာတွင် အသုံးပြုသည့် Chart များကို ဤစာမျက်နှာတွင် ဖော်ပြမျှဝေပေးထားပါသည်။ ဤ Chart များအား World Health Organization မှ ပြုလုပ်ထားခြင်း ဖြစ်ပါသည်။ Chart အမျိုးအစားများစွာရှိသည့်အနက်မှ ကြည့်ရှုအသုံးပြုရလွယ်ကူသည့် အမျိုးအစားများကိုသာ ရွေးချယ်မျှဝေပေးထားခြင်း ဖြစ်ပါသည်။
Chart များကို သိရှိလိုသည့် အာဟာရအမျိုးအစား၊ အသက်အရွယ်နှင့် ကျား/မ တို့ပေါ် မူတည်၍ အသုံးပြုရမည်ဖြစ်ပါသည်။ ထိုသို့အသုံးပြုရာတွင် သင့်လျှော်သည့် အမျိုးအစားရွေးချယ်နိုင်ရန်နှင့် ကောင်းမွန်စွာ အသုံးပြုနိုင်ရန် ဤဗွီဒီယိုလေးကို အရင်ကြည့်ရှု့လေ့လာရန် တိုက်တွန်းအပ်ပါသည်။ ဒို့မိသားစုလေးရဲ့ Youtube Channel လေးကိုလည်း Subscribe လုပ်ထားပေးဖို့ တိုက်တွန်းအပ်ပါသည်။
ဤစာမျက်နှာတွင် အသက် မွေးစမှ (၅) နှစ်အရွယ်ကလေးများအတွက် Chart များကိုသာရေးချယ်ဖော်ပြထားပါသည်။ အခြား chart အမျိုးအစားများကို World Health Organization ၏ Website တွင် သွားရောက်လေ့လာနိုင်ပါသည်။
အသက် မွေးစမှ ၅ နှစ်အရွယ် မိန်းကလေးများအတွက် Weight for Length/ Height Chart
(လတ်တလောအာဟာရချို့တဲ့မှု/ ပိန်ချုံးခြင်းကို စောင့်ကြည့်ရာတွင် အသုံးပြုသည်။)
အသက် မွေးစမှ ၅ နှစ်အရွယ် ယောက်ကျားလေးများအတွက် Weight for Length/ Height Chart
(လတ်တလောအာဟာရချို့တဲ့မှု/ ပိန်ချုံးခြင်းကို စောင့်ကြည့်ရာတွင် အသုံးပြုသည်။)
အသက် မွေးစမှ ၅ နှစ်အရွယ် မိန်းကလေးများအတွက် Height / Length for Age Chart
(ရေရှည်အာဟာရချို့တဲ့ခြင်း/ သက်ကြီးပုခြင်းကို စောင့်ကြည့်ရာတွင် အသုံးပြုသည်။)
အသက် မွေးစမှ ၅ နှစ်အရွယ် ယောက်ကျားလေးများအတွက် Height / Length for Age Chart
(ရေရှည်အာဟာရချို့တဲ့ခြင်း/ သက်ကြီးပုခြင်းကို စောင့်ကြည့်ရာတွင် အသုံးပြုသည်။)
အသက် မွေးစမှ ၅ နှစ်အရွယ် ယောက်ကျားလေးများအတွက် Weight for Age Chart
(လက်ရှိအသက်တွင် ရှိသင့်သည့် ကိုယ်အလေးချိန် ရှိ/မရှိ စောင့်ကြည့်ရာတွင် အသုံးပြုသည်။)
အသက် မွေးစမှ ၅ နှစ်အရွယ် မိန်းကလေးများအတွက် Weight for Age Chart
(လက်ရှိအသက်တွင် ရှိသင့်သည့် ကိုယ်အလေးချိန် ရှိ/မရှိ စောင့်ကြည့်ရာတွင် အသုံးပြုသည်။)
ကျန်းမာပျော်ရွင်သော မိသားစုဘဝလေးများကို ပိုင်ဆိုင်နိုင်ကြပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါသည်။