မွေးကင်းစကလေးရဲ့ အစာအိမ်အရွယ်အစား

ဖေဖေ မေမေ ဖိုးဖိုး ဖွားဖွားတို့ရေ…

ရက်သားကလေးငယ်ရဲ့ အစာအိမ်က တော်တော်သေးပါတယ်… ဘယ်လောက်ထိသေးလဲဆိုရင် စပျစ်သီးခပ်ကြီးကြီးအရွယ်လောက်ပဲရှိပြီးအရည်လက်ဖက်ရည်ဇွန်း တစ်ဇွန်းလောက်ဆို ဗိုက်ပြည့်သွားတာပါပဲ… ဒီတော့ တခြားအရည်တွေတိုက်လို့ ကလေးအစာအိမ်သေးသေးလေးက ပြည့်နေရင်ကလေးက နို့ကောင်းကောင်းမစို့တော့ပါဘူး… အဲလိုဖြစ်ရင် ကြီးမားတဲ့ နောက်ဆက်တွဲအနေနဲ့ ပြသနာ (၂) ခု ထပ်ပေါ်တတ်ပါတယ်…

(၁) မေမေရဲ့နို့တွေ တင်းလာမယ်… ပြီးတော့ ကလေးကို ကောင်းကောင်း နို့တိုက်လို့မရဘူး… အဲဒီတော့ မေမေ့နို့တွေက တင်းပြီး နာလာမယ်….

(၂) ကလေးက ကောင်းကောင်းနို့မစို့တော့လို့ နို့ထွက်တာ နှောင့်နှေးလာမယ်၊ နို့ထွက်နည်းလာမယ်… သဘာဝအလျောက်ပုံမှန်ထွက်ရှိမှုနှုန်း မရှိသလို ဖြစ်လာမယ်… နောက်တော့ မေမေတွေနဲ့ မိသားစုဝင်တွေက မိခင်မှာ နို့မလုံလောက်ဖူးဆိုတဲ့အမြင်တွေ မြင်လာတော့တာပါပဲ… ဒီနေရာမှာ အထူးသတိပေးချင်တာက မိခင်နို့ဆိုတာကလေးများများစို့မှ မေမေ့ဆီက နို့များများ ထွက်လာတာပါ…

မွေးကင်းစကလေးရဲ့ အစာအိမ်အရွယ်အစားကို အောက်ကပုံလေးမှာ ကြည့်နိုင်ပါတယ်…



ကနဦးရက်တွေမှာ ကလေးတွေက မိခင်နို့ကို အကြိမ်ရေများများစို့ပေးရင် ကလေးက နို့ကိုဘယ်လိုစို့ရမယ်ဆိုတာသင်ယူနိုင်‌အောင် ကူညီပြီးသားဖြစ်လာပါတယ်… မွေးကင်းစကလေးတွေကို မိခင်နို့မတိုက်ကျွေးခင်အရည်တွေ အဖတ်တွေ ကျွေးတာနဲ့ပတ်သက်လို့ တခြားအန္တရာယ်တွေလည်းရှိသေးတယ်… အဲဒါကတော့ ဇွန်းနှင့် နို့ဘူး၊ နို့ပုလင်းတွေ သုံးကြတာပါပဲ… ဇွန်းတွေကို သုံးရင် မွေးကင်းစကလေးငယ်တွေအတွက်ဆို့နင့်စေတဲ့ အန္တရာယ်၊ အဆုတ်နဲ့ဆိုင်တဲ့ ပြသနာနဲ့ ကူးစက်မှု အန္တရာယ်တွေ ဖြစ်ပေါ်စေတယ်…. နို့ဘူး၊ နို့ပုလင်းတွေ သုံးရင် ကလေး ဦးနှောက်က ပါးစပ်ကျယ်ကျယ် မဖွင့်ခိုင်းတော့ပါဘူး… ကလေးက လွယ်လွယ်စို့လို့ရတဲ့ နို့ဘူး၊ နို့ပုလင်းတွေကိုပိုကြိုက်လာပြီး အမေနို့ကို မစို့ချင်တော့ပါဘူး… နို့ဘူး၊ နို့ပုလင်းတွေကို တစ်ကြိမ်လောက်သုံးမိလိုက်တာနဲ့တင်ကလေးကအဲဒါကိုပဲ ကြိုက်သွားတတ်ပါတယ်… မွေးကင်းစ ကလေးတွေကို မိခင်နို့ မတိုင်ခင်အရည်တွေအဖတ်တွေ ကြိုကျွေးတဲ့အချက်ကြောင့် ကလေးက နို့မစို့ချင်တာရယ်၊ နို့ကို အောင်အောင်မြင်မြင်မတိုက်နိုင်တာတွေရယ်ဖြစ်ပြီး မေမေတွေက မိခင်နို့တိုက်ကျွေးတာတွေကို ရပ်ပစ်ကြတဲ့ အဓိကအကြောင်းရင်းခံတစ်ရပ်ဖြစ်လာပါတော့တယ်…

ဒါဆိုရင် မိသားစုဝင်တွေက ဘာလို့ မွေးကင်းစကလေးတွေကို မိခင်နို့ မတိုက်ကျွေးခင်အရည်တွေအဖတ်တွေ ကျွေးနေကြသေးတာလဲဆိုတာ ပြန်လည်သုံးသတ်ဖို့ လိုအပ်လာပါတယ်…လူတွေကျင့်သုံးနေကြလို့ အဲဒါက မှန်တယ်လို့ပြောလို့မရပါဘူး….တချို့နေရာတွေမှာ ပျားရည်က ကလေးတွေရဲ့ ကျန်းမာရေးအတွက် ကောင်းတယ်လို့ယုံကြည်ကြတယ်… တကယ်တော့ပျားရည် က ကလေးတွေကို ပြင်းပြင်းထန်ထန် မကျန်းမမာဖြစ်စေနိုင်သလို သေဆုံးသည်အထိဖြစ်စေနိုင်ပါတယ်… တခြားမှားယွင်းတဲ့ ယုံကြည်ချက် တစ်ခုရှိပါသေးတယ်… နို့ဦးရည်နဲ့ ပတ်သက်လို့ အဲဒါက ကလေးတွေအတွက် မကောင်းဘူး၊ ကလေးတွေကို ရေငတ်စေတယ်၊ရေဓါတ်လိုတယ်… အဲဒါတွေက ပိုမိုမှားယွင်းတဲ့ ယုံကြည်မှုတွေပါပဲ…

မိဘတိုင်းက မိမိတို့ရဲ့ ရင်သွေးတွေကိုအကောင်းဆုံးဆိုတာကိုပဲ ပေးချင်ကြပါတယ်… တစ်ခါတစ်လေ မိခင်နို့ရဲ့ကောင်းကျိုးတွေနဲ့ အခြားအရာတွေရဲ့ အန္တရာယ်ကို နှိုင်းယှဥ်ဆွေးနွေးတာတွေကိုမြင်ရတဲ့အခါ အကြောင်းအမျိုးမျိုးကြောင့် မိခင်နို့ အပြည့်အဝမတိုက်နိုင်တဲ့မေမေအတွက် ဝမ်းနည်းစရာမျိုးဖြစ်ရတာ တကယ်ကိုပဲ စိတ်မကောင်းဖြစ်ရပါတယ်…အမှန်တကယ်တော့ မိခင်နို့ တိုက်ကျွေးတာအောင်မြင်ဖို့အတွက် ထောက်တိုင်ကြီး (၃)ခုလိုအပ်အပါတယ်… အဲ့တာတွေက Protect (မိခင်နို့တိုက်ကျွေးခြင်းကိုအကာအကွယ်ပေးဖို့)၊ Promote (မိခင်နို့တိုက်ကျွေးခြင်းကို မြှင့်တင်ဖို့) နှင့် Support (လိုအပ်တဲ့အကူအညီအထောက်အပံ့တွေ ပေးဖို့) တို့ပဲဖြစ်ပါတယ်…. များသောအားဖြင့် Support ဆိုတဲ့ ထောက်တိုင်ကအားနည်းနေတာဖြစ်တဲ့အတွက် တကယ်တမ်း မေမေတွေ မိခင်နို့တိုက်ကျွေးတာနဲ့ပတ်သက်လို့အခက်အခဲ ကြုံလာတဲ့အခါ နည်းလမ်းမှန်တဲ့ အကူအညီတွေကို ဘယ်မှာ ရယူရမယ်ဆိုတာ မသိတဲ့အခြေအနေတွေ ကြုံနေကြရပါတယ်… ဒီလိုအနေခြေအနေတွေကြုံလာရရင် မေမေတွေမှာမိခင်နို့ပဲတိုက်ချင်ပေမယ့် အခြားအရာတွေကို ဝမ်းနည်းစွာနဲ့ပဲ ရွေးချယ်လိုက်ရတာတွေရှိနေတယ်ဆိုတာ နားလည်ထားပါတယ်… ဒါကြောင့်မို့မိခင်နို့တိုက်ကျွေးခြင်းနဲ့ပါတ်သက်လို့ အချင်းချင်းအတွေ့အကြုံ ဗဟုသုတတွေမျှဝေနိုင်ဖို့၊ အခက်အခဲတွေကို အတူတကွဖြေရှင်းနိုင်ဖို့ မေ့မေ့ချိုချိုဆိုတဲ့Group လေးလုပ်ထားပါတယ်။လင့်လေးကိုနှိပ် GroupMember တင်ဖို့ ဖိတ်ခေါ်ပါတယ်…. Member ဝင်တဲ့အခါမေးခွန်းလေးတွေကိုဖြေပေးဖို့မမေ့ပါနဲ့နော်….

မေမေ့ချိုချို Group ကို ဝင်ရန်။ http://bit.ly/maymaychocho 

Similar Posts

  • |

    မိခင်နို့နှင့် အခြားအရာများရောနှောကျွေးမွေးခြင်း Mixed feeding

    ဖေဖေမေမေတို့ရေ… ဒီနေ့ပြောပြချင်တာကတော့ Mixed Feeding လို့ခေါ်တဲ့မိခင်နို့နဲ့ တခြားအရာများ ရော‌နှောကျွေးမွေးခြင်းအကြောင်းလေးပါ… Mixed Feeding ဆိုတာ မိခင်နို့နဲ့ နို့မှုန့် သို့မဟုတ် ရေ၊တခြားအစားအစာနဲ့ အရည်တွေ ရော‌နှော ကျွေးမွေးခြင်းကို ဆိုလိုပါတယ်… Mixed Feeding လုပ်တာရော အိုကေရဲ့လား… ဒီလိုရောနှောကျွေးတာရဲ့အန္တရာယ်ဟာ အရင်ရက်ပိုင်းက မျှဝေခဲ့တဲ့ မိခင်နို့မရတဲ့ ကလေးတွေ ဖြစ်တတ်တဲ့အန္တရာယ်တွေနဲ့ အတူတူပဲ ဖြစ်ပါတယ်…. အောက်ကလင့်မှာ ရှာဖတ်ကြည့်လို့ရပါတယ်… fb://photo/1503231806678606?set=a.983193882015737&sfnsn=mo ဒီလိုအကြောင်းတွေပြောရတာ တစ်ခါတစ်လေ အချို့အကြောင်းအမျိုးမျိုးကြောင့် မိခင်နို့မတိုက်ဖြစ်တဲ့ မေမေတွေကို စိတ်မကောင်းဖြစ်စေတတ်တာမျိုးမိုလို့ အဲ့လိုရည်ရွယ်ချက်မျိုး လုံးဝမရှိတဲ့အကြောင်း ပြောပါရစေ… ဒါပေမယ့် မှန်ကန်တဲ့သတင်းအချက်အလက်ဗဟုသုတတွေကို မျှဝေလိုတဲ့ စေတနာမှန်နဲ့ပဲ ဆက်လက်မျှဝေပေးနေတာ ဖြစ်ပါတယ်… မိဘတွေဟာသူတို့သားသမီးတွေ အတွက် ဘာတိုက်ကျွေးမယ်ဆိုတာ ရွေးချယ်ခွင့်ရှိပေမယ့်ကို ယ်တိုက်ကျွေးမယ့် အရာမှာပါတဲ့ ပါဝင်ပစ္စည်းတွေနဲ့…

  • |

    မိခင်နို့နှင့် နို့မှုန့် (Formula Milk) တို့ရဲ့ ကွာခြားချက်

    မေမေ ဖေဖေတို့ရေ… ဒီနေ့တော့ စာနည်းနည်းလေးရှည်မှာမို့ စိတ်ရှည်ရှည်လေးထားပြီး ဖတ်ပေးပါနော်… ဒီနေ့မျှဝေချင်တာက မိခင်နို့ရည်နဲ့ နို့မှုန့်အကြောင်းပါ… ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ အဆိုအရ နို့မှုန့်တွေကို မိခင်နို့အစားထိုးပစ္စည်း (Breastmilk Substitute) လို့ခေါ်ပါတယ်… ဒါကြောင့် အချို့ယုံကြည်ကြသလို မိခင်နို့နဲ့ မိခင်နို့အစားထိုး နို့မှုန့်တွေက အတူတူဘဲလို့ဆိုလိုတာ လုံးဝ မဟုတ်ပါဘူး…. နို့မှုန့် ကုမ္ပဏီ (ဖော်မြူလာကုမ္ပဏီ) တွေက အရှိန်အဟုန်မြှင့်ပြီး ဆယ်စုနှစ်ပေါင်းများစွာ ဈေးကွက်ရှာတာတွေ၊ အားကောင်းတဲ့ ကြော်ငြာတွေကြောင့် ကံအကောင်းအကြောင်းမလှစွာနဲ့ပဲ ကျန်းမာရေးပညာရှင်များအပါအဝင် လူအများစုက နို့မှုန့်တွေသည် မိခင်နို့ရည်နှင့်တန်းတူ ဒါမှမဟုတ် ပိုကောင်း တယ်လို့ ယုံကြည်လာကြတော့တာပါပဲ… ဒါပေမယ့် ဒါဟာ အမှန်တရား မဟုတ်ပါဘူး… ကမ္ဘာ့ကျန်းမာရေးအဖွဲ့နဲ့ ကမ္ဘာတစ်ဝှမ်း ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူတွေ ပြောတာကတော့ ကလေးမွေးဖွား စဉ်ကနေ ၆ လ အထိ…

  • အသက် ၆လထိ မိခင်နို့တစ်မျိုးတည်းတိုက်ကျွေးခြင်း

    ဖေဖေ မေမေတို့ရေ။ မိခင်နို့တစ်မျိုးတည်းတိုက်ကျွေးခြင်းဆိုတာ ကလေးက မိခင်နို့တစ်မျိုးတည်း ရရှိသောက်သုံးတာကို ဆိုလိုပါတယ်။ တခြား အရည်တွေ တခြားအစားအစာတွေ မပါပါဘူး။ ရေတောင် မပါရပါဘူး။ ဒါပေမယ့် လိုအပ်လို့ကျန်းမာရေးဝန်ထမ်းက ညွှန်ကြားထားတဲ့အခါ ဓာတ်ဆားရည်၊ အားဆေးနဲ့ တခြားဆေးရည်တွေတော့တိုက်လို့ရပါတယ်။ မိခင်နို့ဟာ ကလေးတွေအတွက် ပထမဆုံး (၆) လ အတွင်းမှာ လိုအပ်တဲ့ ရေနဲ့အာဟာရဓာတ်များစွာ ပါဝင်ပါတယ်။ မိခင်နို့မှာ ရေဓာတ် ၈၀ ရာခိုင်နှုန်းအထက် ပါဝင်ပါတယ်။ မိခင်နို့တစ်ကြိမ်တိုက်ကျွေးတိုင်း အစောပိုင်း ထွက်လာတဲ့ နို့ရည်မှာ ရေဓာတ်များစွာပါဝင်ပါတယ်။ ဒါကြောင့် ကလေးတွေ ရေဆာမှာပဲလို့ မေမေတို့ထင်ရင် ကလေးကိုနို့သာတိုက်လိုက်ပါနော်။ ကလေးတွေ ရေဆာပြေတဲ့အပြင် ရောဂါကာကွယ်နိုင်စွမ်း လည်းတိုးလာမယ်။ ကလေးကြီးထွားဖို့လည်း အထောက်အကူဖြစ်စေပါတယ်။ ကလေးတွေဟာ ပထမ (၆) လ မှာ ‌ရေသောက်ဖို့မလိုအပ်ပါဘူး။…

  • နို့ပိုထွက်အောင် ရင်သားတွေကို ဘယ်လိုနှိပ်နယ်ရမလဲ​

    နို့ပိုထွက်အောင်နဲ့ နို့ရည်စီးဆင်းမှုကောင်းအောင် ရင်သားတွေကို နှိပ်ပေးရမယ့်နည်းလမ်းလေးကို မင်မင် မေမေဆရာမတစ်ယောက်က ပြပေးထားပါတယ်။ လိုက်လုပ်ပြီး လေ့ကျင့်ကြည့်ပါနော်။

  • |

    ရင်သွေးငယ်တို့ရဲ့အသက်ပထမခြောက်လအတွင်းရေပေးဖို့မလိုအပ်တာ ဘာကြောင့်ပါလဲ

    ရင်သွေးငယ်တို့ရဲ့ အသက်ပထမခြောက်လအတွင်း ရေတိုက်ပေးဖို့မလိုအပ်တာ ဘာကြောင့်ပါလဲ မေမေတို့ရဲ့ မိခင်နို့မှာ ရေဓါတ်က (၈၇) ရာခိုင်နှုန်းကျော်ပါဝင်ပါတယ်။အထူးအားဖြင့်ကလေးကို နို့တိုက်တိုင်း ပထမဆုံးထွက်လာတဲ့နို့မှာ ပါဝင်တာပါ။ ဒါကြောင့်မို့လို့ ကလေးကရေဆာနေတယ်လို့ မေမေတို့ခံစားရတဲ့အခါတိုင်း သူတို့ကို မိခင်နို့တိုက်နိုင်ပါတယ်။ အဲဒီလို မိခင်နို့တိုက်လိုက်ရင် ကလေးက ရေဆာပြေသွားသလို ကလေးငယ်ကို ရောဂါပိုးတွေ ကူးစက်ခြင်းကနေ ကာကွယ်ပေးပါလိမ့်မယ်။ ဒါ့အပြင် ကလေးငယ် ကောင်းကောင်းကြီးထွားဖို့လည်း ကူညီပါလိမ့်မယ်။ မြန်မာနိုင်ငံလို ပူပြင်းတဲ့ရာသီဥတုမှာတောင် (၆) လအရွယ်မတိုင်မီ ကလေးတွေက ရေမလိုအပ်ပါဘူး။ (၆) လထက် ငယ်တဲ့ကလေးတွေက ရေဆာနေတယ်လို့ ထင်လာခဲ့ရင် မိခင်နို့သာတိုက်လိုက်ပါ။အဲလိုအချိန်မျိုးမှာ နို့မှုန့်တွေ၊ ရေတွေတိုက်ကျွေးတာက ကလေးတွေရဲ့ အစာအိမ်ကို သဘာဝနည်းနဲ့ ကျယ်ပြန့်စေတာမျိုးမဟုတ်တာကြောင့် ကလေးတွေကို ရောဂါပိုးတွေနဲ့ ထိတွေ့စေပါလိမ့်မယ်။ အူလမ်းကြောင်းအတွင်းက ဇီဝပိုးလေးတွေကိုလည်း အပြောင်းအလဲတွေ ဖြစ်ပေါ်စေပြီးတော့ ကိုယ်ခံ…

  • |

    အရေပြားချင်းထိပေးခြင်း ဆိုတာဘာလဲ

    အရေပြားချင်းထိပေးခြင်း ဆိုတာဘာလဲ။ ဘာကြောင့်အရေးကြီးတာလဲ။ ဖေဖေ မေမေတို့ရေ… ဒီနေ့တော့ အ‌ရေပြားချင်းထိပေးတဲ့ (Skin-to-Skin Contact) အကြောင်း နည်းနည်းပြောပြမယ်နော်…အရေပြားချင်းထိပေးခြင်းဆိုတာ သားသားမီးမီးတို့ကို မွေးပြီးပြီးချင်း မေမေတို့ ခန္ဓာကိုယ်ပေါ် အရေပြားချင်းထိပြီး တင်ထားပေးတာကိုဆိုလိုတာပါ… မေမေတို့အနေနဲ့ ကလေးမွေးဖွားပေးတဲ့ ကျန်းမာရေးဝန်ထမ်းကို ကလေးကိုမွေးပြီးပြီးချင်း ဗိုက်ပေါ် ဒါမှမဟုတ် ရင်ဘတ်ပေါ် တင်ပေးပြီ းနို့မြန်မြန်စို့နိုင်အောင် ကူညီလုပ်ဆောင်ပေးဖို့ ကြိုပြောပြထားဖို့လိုပါမယ်… အသားချင်းထိပေးတာကိုဖြစ်နိုင်ရင် ၂ နာရီလောက် ထားပေးနိုင်ရင် ကောင်းပါတယ်… အသားချင်း ထိထားပေးရင်းနဲ့ပဲ မွေးပြီး ၁ နာရီအတွင်း မိခင်နို့ တိုက်ပေးရပါမယ်… အဲလိုတိုက်ပေးနိုင်မယ်ဆိုရင် မေမေနဲ့ ကလေးကို စိတ်တည်ငြိမ်စေမယ်… သားသားမီးမီး တို့ကိုလည်းနွေးထွေးမှုရှိစေမယ်… ဦး‌နှောက်ဖွံ့ဖြိုးမှုကိုလည်း အားပေးတယ်… ကလေးနဲ့အမေကို စိတ်ဖိစီးမှု သက်သာစေတယ်… သားသားမီးမီးတို့အတွက် လိုအပ်တဲ့ နို့ရည်ကို စောစောစီးစီလည်း…

Leave a Reply

Your email address will not be published. Required fields are marked *