မေမေတို့ရေ…. ဒီနေ့တော့ ရင်သွေးကလေးတွေကို ပထမလတွေထဲမှာမိခင်နို့ကောင်းကောင်းတိုက်ကျွေးနိုင်တယ်ဆိုတာ သိနိုင်တဲ့ အချက်တွေကို စုစည်းပြီးဖော်ပြပေးလိုက်ပါတယ်… မေမေ့ရဲ့ ဘေဘီလေးက
- တက်ကြွပြီးနိုးကြားလှုပ်ရှားနေရင်
- မေမေတို့နို့တိုက်ကျွေးပြီးချိန်မှာပျော်ရွှင်ပြီး ကျေနပ်နေရင်
- ၂၄နာရီအတွင်း အနည်းဆုံး ၈ ကြိမ် မိခင်နို့တိုက်ကျွေးတာခံခဲ့ရပြီးရင်
- မေမေတို့နို့တိုက်နေတဲ့အချိန်မှာကလေးရဲ့အခြေအနေ ကိုကြည့်တဲ့အခါမှာ ကလေးက နို့ကို မျိုချနေတာ တွေ့ရပါမယ်
- · ရင်သွေးငယ်လေးကပထမ ၅ ရက်အတွင်းမှာ မွေးစကိုယ်အလေးချိန်ရဲ့ ၇% ထက်လျော့လာပါတယ်…. ဒါပေမယ့် ၁၀ ရက်မြောက်မှာတော့ မွေးစအလေးချိန်ဆီသို့ ပြန်လည်ရောက်ရှိလာပါတယ်… (နေ့စဉ် ၂၅ ဂရမ် မှ ၃၅ ဂရမ်ကြား အလေးချိန်တိုးလာပါတယ်)
- · တတိယမြောက်နေ့ရောက်တော့ရင်သွေးလေးက (၃) ကြိမ် ဒါမှမဟုတ် ဒါထက်ပိုပြီးအီအီးပါတတ် ပါတယ်…ငါးရက်မြောက်ရောက်ရင်တော့ အဝါရောင် အီအီးပျော့ပျော့လေးတွေ ၄ ကြီမ် ဒါမှမဟုတ် ဒါထက် ပိုပြီး ပါတတ်ပါတယ်…
- မွေးပြီး၁ ရက် မှာ ရှိတဲ့ အီအီးအနက်ရောင်က ၅ ရက်လောက်ရောက်ရင် အဝါရောင်ကို ပြောင်းသွား ပါတယ်… အဲဒီအဝါရောင်မှာဘဲဆက်ပြီးတော့ တည်မြဲသွားပါတယ်….
- မွေးကင်းစကလေးငယ်တွေက၅ ရက်မြောက်ရှိပြီဆိုရင် အရောင်ဖျော့တဲ့ ရှူရှူးတွေ (၆) ကြိမ် နှင့် အထက် ပေါက်ချပါတယ်။ ပြီးရင်အဲဒီပုံစံအတိုင်းဆက်ရှိနေပါတယ်…
အခုဆက်ပြောမယ့်အချက်တွေကတော့ရင်သွေးလေးက မိခင်နို့ကောင်းကောင်းမရဘူး လို့ပြောနိုင်မဲ့ လက္ခဏာလေးတွေပါဘဲ။
- ရင်သွေးလေးကအရမ်းအိပ်ချင်နေမယ်
- မိခင်နို့တိုက်ပြီးတော့လဲဂနာမငြိမ်ဖြစ်နေမယ်..
- (၂၄) နာရီအတွင်း အနည်းဆုံး ၈ ကြိမ် မိခင်နို့မတိုက်ကျွေးဖြစ်ခဲ့တာတွေ ရှိမယ်…
- မေမေတို့နို့တိုက်နေတဲ့အချိန်မှာကလေးရဲ့အခြေအနေ ကိုကြည့်တဲ့အခါမှာ ကလေးက နို့ကို မျိုချနေတာမျိုး မမြင်မကြား/မခံစားရရင်….
- ရင်သွေးငယ်လေးကပထမ (၅) ရက်အတွင်းမှာ မွေးစကိုယ်အလေးချိန်ရဲ့၇% ထက်ပိုပြီး လျော့လာပေမယ့် ၁၀ ရက်မြောက်မှာမွေးစအလေးချိန်ဆီသို့ ပြန်လည်ရောက်ရှိမလာခြင်း (ကိုယ်အလေးချိန် မတိုးခြင်း)
- တတိယမြောက်နေ့ရောက်တော့ရင်သွေးလေးက (၃) ကြိမ် ထက်လျော့ပြီး အီအီးပါခြင်း။ငါးရက်မြောက် ရောက်တော့လဲ အညိုရင့် (သို့) အမည်းရောင်ဖြစ်နေခြင်း…
- အီအီးအနက်ရောင်က(၅) ရက်လောက်ရောက်တဲ့အထိ အဝါရောင်ကနေ မပြောင်းဘဲနဲ့ အနက်ရောင် အဖြစ်နဲ့ဘဲ ရှိနေခြင်း
- (၅) ရက်မြောက်တဲ့ နေ့အထိ ရှူရှူးတွေက အနီရောင်ဒါမှမဟုတ် အဝါရင့်ရောင်တွေဘဲ ဖြစ်နေပြီးတော့ သေးစိုအဝတ်က (၆) ကြိမ် ထက်လျော့ပြီး လဲပေးနေရခြင်း
အဲဒီနိမိတ်လက္ခဏာတွေပြသလာခဲ့ရင်တော့ ဆေးကုသမှုခံယူရမှာ ဖြစ်ပါတယ်…
ရင်သွေးငယ်တို့ကိုယ်အလေးချိန်တက်လာတယ်ဆိုတာက သူတို့ဟာ လုံလောက်တဲ့ ကိုယ်အလေးချိန် ရှိလာပြီဆိုတဲ့အကောင်းဆုံးလက္ခဏာဖြစ်ပါတယ်။
(၁) လကနေ (၃) လ အတွင်းရင်သွေးငယ်တွေက တစ်လကို (၁.၅) ပေါင်ကနေ (၂.၅) ပေါင်တိုးသင့်ပါတယ်… (၄) လ ကနေ (၆) လကြားမှာတော့ (၁) ပေါင်ကနေ (၂) ပေါင်လောက်ပဲ ပေါင်ချိန်တက်တော့ပြီး တက်နှုန်းကျသွားပါတယ်… (၆) လပြည့်ပြီးရင်တော့ ကလေးတွေကတစ်လကို (၁) ပေါင်အောက်လောက်ဘဲ ကိုယ်အလေးချိန်တက်ပါတော့တယ်…
ပေါင်ချိန်တိုးတာမပြင် ကလေးအရပ်ရှည်လာတာ၊ BMI Index တိုးလားတာ၊ လှုပ်ရှားလုပ်ကိုင်နိုင်စွမ်းMilestone တွေတိုးတက်လာတာတွေကလည်း ကလေးဟာ ပုံမှန်ကြီးထွားဖွံ့ဖြိုးလာနေတယ်ဆိုတာကိုပြသနိုင်ပါတယ်… ဒါကြောင့်မို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)ကသတ်မှတ်ထားတဲ့ စံနှုန်းတွေအတိုင်း ဒီလိုတိုးတက်မှုတွေရှိနေသလားဆိုတာ လစဥ် စစ်ဆေးကြည့်သင့်ပါတယ်…
မိခင်နို့တိုက်ကျွေးခြင်းနဲ့ပါတ်သက်လို့အချင်းချင်း အတွေ့အကြုံ ဗဟုသုတတွေ မျှဝေနိုင်ဖို့၊ အခက်အခဲတွေကို အတူတကွ ဖြေရှင်းနိုင်ဖို့မေ့မေ့ချိုချိုဆိုတဲ့ Group လေးလုပ်ထားပါတယ်။ လင့် လေးကိုနှိပ် Group Member တင်ဖို့ ဖိတ်ခေါ်ပါတယ်။ Member ဝင်တဲ့အခါ မေးခွန်းလေးတွေကိုဖြေပေးဖို့ မမေ့ပါနဲ့နော်။
မေမေ့ချိုချို Group ကို ဝင်ရန်။ http://bit.ly/maymaychocho