|

မိခင်နို့ဦးရည်ဟာ သားသားမီးမီးတို့အတွက် အလွန်အမင်း အဖိုးတန်ပါတယ်

မေမေတို့ရေ ဟိုးနှစ်‌ပေါင်းများစွာကတည်းကရှိခဲ့တဲ့ လွဲမှားနေတဲ့ ရိုးရာဓလေ့တစ်ခုက ဘာလဲဆိုတော့ မိခင်နို့ဦးရည်ကို ကလေးကို မတိုက်ပဲ လွှင့်ပစ်ကြတာပါပဲ…

တကယ်တော့ ဒီလိုလွှင့်ပစ်ခံခဲ့ရတဲ့ မိခင်နို့ဦးရည်ဟာ သားသားမီးမီးတို့အတွက် ရွှေထက်အဖိုးတန်ပါတယ်… နို့ဦးရည်ဆိုတာ ကလေးမီးဖွားပြီးပြီးချင်းထွက်တဲ့ ၀ါကျင့်ကျင့်အရောင်နဲ့ နို့ရည်ကြည်ပဲဖြစ်ပါတယ်… ဒါကို နို့အဖြူမဟုတ်လို့ မသန့်ဘူး၊ကလေးကိုမတိုက်သင့်ဘူးလို့ ယူဆပြီး စွန့်ပစ်တတ်ကြပါတယ်…

ကလေးငယ်လေးတွေ အသက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် နို့ဦးရည်ကို ရရှိဖို့ လိုအပ်ပါတယ်…နို့ဦးရည်က မွေးကင်းစကလေးတွေအတွက် ရောဂါပေါင်းစုံကို ကာကွယ်ပေးတဲ့ ကာကွယ်ဆေးအဖြစ် အကျိုးကျေးဇူးတွေကို ရရှိစေပြီး ကလေးတွေကို ရောဂါအန္တရာယ်တွေကနေ ကာကွယ်ပေးပါတယ်…. မွေးကင်းစကလေးငယ်တွေရဲ့ အစာအိမ်က သေးသေးလေးပဲ ရှိနေသေးတဲ့အတွက် သူတို့ဗိုက်ဝဖို့ဆို နို့ဦးရည် နည်းနည်းလေးပဲ လိုအပ်ပါတယ်….

မွေးကင်းစ ကလေးငယ်တွေကို နို့မှုန့်အပါအဝင် အခြားအရည်တွေ တိုက်ကျွေးမိတဲ့အခါမှာ နို့ဦးရည်က ရမယ့် ရောဂါကာကွယ်ပေးမှုတွေက လျော့သွားပြီး ဝမ်းလျှောတာတွေ၊ ခန္ဓာကိုယ်ထဲ ရောဂါပိုးဝင်တာတွေ၊ဦးနှောက် အမြှေးရောင်တာတွေ ဖြစ်စေနိုင်ပါတယ်… နို့ဦးရည်ထဲမှာ

အန္တရာယ်ရှိတဲ့ ဘက်တီးရီးယားနဲ့ ဗိုင်းရပ်စ်တွေကို တိုက်ဖျက်ပေးတဲ့ အကာအကွယ်ဓါတ်တွေ အများကြီးပါနေပါတယ်… အဲဒါတွေကတော့

● ပဋိပစ္စည်းများ (သူတို့က ခန္ဓာကိုယ်ရဲ့ ခုခံစွမ်းအားစနစ်ကို ရောဂါပိုးဝင်လာတဲ့အကြောင်း အချက်ပေးပြီး ဘက်တီးရီးယား / ဗိုင်းရပ်စ်တွေရဲ့ တိုက်ခိုက်မှုကို သိရှိစေတယ်)

● သွေးဖြူဥ (တိုက်ခိုက်နေတဲ့ ဘက်တီးရီးယား / ဗိုင်းရပ်စ်တွေကို ချေဖျက်ခြင်းအားဖြင့် ရောဂါကူးစက်ခြင်းကနေ ခုခံကာကွယ်ပေးတယ်)

● ဓါတ်တိုးဆန့်ကျင်ပစ္စည်းများ ( အဲဒါတွေက ဆဲလ်ပျက်စီးခြင်းကို ကာကွယ်တားဆီးပေးတယ် သိုမဟုတ် ဆဲလ်ပျက်စီးခြင်းကို နှေးကွေးစေတယ်)

● ဗီတာမင်အေ (ကလေးရဲ့ ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးတယ်)

● ကလေးကြီးထွားစေတဲ့ ဓါတ်တွေ (ပထမဆုံးရက်ကစလို့ ကလေးရဲ့ကြီးထွားမှုနှုန်းကို မြှင့်တင်ပေးတယ်)

● လက်တိုဖာရင် ( ဘက်တီးယီးယားတွေ လိုအပ်တဲ့အာဟာရတွေမရအောင် ဖြတ်တောက်ပေးပြီး ရောဂါဖြစ်စေတဲ့ ဘက်တီးရီးယားတွေ ကြီးထွားပြန့်ပွားမှုကို ကာကွယ်ပေးတယ်)

နို့ဦးရည်က အာဟာရပါဝင်နှုန်းမြင့်မားတဲ့အတွက်ပမာဏ နည်းနည်းလေးပဲ ရရင်တောင် ကလေးရဲ့ ဆာလောင်မွတ်သိပ်မှုကို ပြေပျောက်စေပြီး အာဟာရလိုအပ်ချက်များကို ပြည့်ဝစေပါတယ်… နို့မှုန့်အပါအဝင်၊ ရေနှင့် အခြားအရည်တွေက ကလေးတွေအတွက် အရေးကြီးတဲ့ အပေါ်မှာပြောခဲ့တဲ့ အာဟာရမျိုးတွေ၊ အကျိုးကျေးဇူးတွေကို မရစေနိုင်ပါဘူး…

မိခင်နို့တိုက်ကျွေးခြင်းနဲ့ပါတ်သက်လို့အချင်းချင်း အတွေ့အကြုံ ဗဟုသုတတွေ မျှဝေနိုင်ဖို့၊ အခက်အခဲတွေကို အတူတကွ ဖြေရှင်းနိုင်ဖို့မေ့မေ့ချိုချိုဆိုတဲ့ Group လေးလုပ်ထားပါတယ်။ လင့် လေးကိုနှိပ် Group Member တင်ဖို့ ဖိတ်ခေါ်ပါတယ်။ Member ဝင်တဲ့အခါ မေးခွန်းလေးတွေကိုဖြေပေးဖို့ မမေ့ပါနဲ့နော်။ မေမေ့ချိုချို Group ကို ဝင်ရန်။ http://bit.ly/maymaychocho

Similar Posts

  • အသက် ၆လထိ မိခင်နို့တစ်မျိုးတည်းတိုက်ကျွေးခြင်း

    ဖေဖေ မေမေတို့ရေ။ မိခင်နို့တစ်မျိုးတည်းတိုက်ကျွေးခြင်းဆိုတာ ကလေးက မိခင်နို့တစ်မျိုးတည်း ရရှိသောက်သုံးတာကို ဆိုလိုပါတယ်။ တခြား အရည်တွေ တခြားအစားအစာတွေ မပါပါဘူး။ ရေတောင် မပါရပါဘူး။ ဒါပေမယ့် လိုအပ်လို့ကျန်းမာရေးဝန်ထမ်းက ညွှန်ကြားထားတဲ့အခါ ဓာတ်ဆားရည်၊ အားဆေးနဲ့ တခြားဆေးရည်တွေတော့တိုက်လို့ရပါတယ်။ မိခင်နို့ဟာ ကလေးတွေအတွက် ပထမဆုံး (၆) လ အတွင်းမှာ လိုအပ်တဲ့ ရေနဲ့အာဟာရဓာတ်များစွာ ပါဝင်ပါတယ်။ မိခင်နို့မှာ ရေဓာတ် ၈၀ ရာခိုင်နှုန်းအထက် ပါဝင်ပါတယ်။ မိခင်နို့တစ်ကြိမ်တိုက်ကျွေးတိုင်း အစောပိုင်း ထွက်လာတဲ့ နို့ရည်မှာ ရေဓာတ်များစွာပါဝင်ပါတယ်။ ဒါကြောင့် ကလေးတွေ ရေဆာမှာပဲလို့ မေမေတို့ထင်ရင် ကလေးကိုနို့သာတိုက်လိုက်ပါနော်။ ကလေးတွေ ရေဆာပြေတဲ့အပြင် ရောဂါကာကွယ်နိုင်စွမ်း လည်းတိုးလာမယ်။ ကလေးကြီးထွားဖို့လည်း အထောက်အကူဖြစ်စေပါတယ်။ ကလေးတွေဟာ ပထမ (၆) လ မှာ ‌ရေသောက်ဖို့မလိုအပ်ပါဘူး။…

  • ကလေးသွားပေါက်လာရင်မိခင်နို့တိုက်တာရပ်ဖို့လိုမလား

    သွားပေါက်လာလို့တော့ နို့ဖြတ်ဖို့မလိုပါဘူး။ ကလေးအကြီးတွေကတော့ ကျီစယ်ကစားလိုတဲ့ အတွက် ကိုက်ကြတာပါ။ကလေးဆိုးတာ မဟုတ်ပါဘူး။ အဲဒီလို အကိုက်ခံရရင် ကလေးငယ်ကို မေမေတို့နို့ကနေ ဖယ်လိုက်ပြီးတော့ ဒီလိုလုပ်တာဟာ မကောင်းဘူးဆိုတာပြောပြပါ။ မေမေတွေက နို့ကိုကိုက်တာကို မကြိုက်ဘူးဆိုတာကို လေးလေးနက်နက် ပြောနေတယ်ဆိုရင် သူတို့နားလည်လာပါလိမ့်မယ်။ မိခင်နို့တိုက်ကျွေးခြင်းနဲ့ပါတ်သက်လို့အချင်းချင်းအတွေ့အကြုံ ဗဟုသုတတွေ မျှဝေနိုင်ဖို့၊ အခက်အခဲတွေကို အတူတကွဖြေရှင်းနိုင်ဖို့မေ့မေ့ချိုချိုဆိုတဲ့ Group လေးလုပ်ထားပါတယ်။ လင့် လေးကိုနှိပ် Group Member ဝင်ဖို့ဖိတ်ခေါ်ပါတယ်။ Member ဝင်တဲ့အခါ မေးခွန်းလေးတွေကိုဖြေပေးဖို့ မမေ့ပါနဲ့နော်။ မေမေ့ချိုချို Group ကို ဝင်ရန်။ http://bit.ly/maymaychocho

  • |

    ရင်သွေးငယ်တို့ရဲ့အသက်ပထမခြောက်လအတွင်းရေပေးဖို့မလိုအပ်တာ ဘာကြောင့်ပါလဲ

    ရင်သွေးငယ်တို့ရဲ့ အသက်ပထမခြောက်လအတွင်း ရေတိုက်ပေးဖို့မလိုအပ်တာ ဘာကြောင့်ပါလဲ မေမေတို့ရဲ့ မိခင်နို့မှာ ရေဓါတ်က (၈၇) ရာခိုင်နှုန်းကျော်ပါဝင်ပါတယ်။အထူးအားဖြင့်ကလေးကို နို့တိုက်တိုင်း ပထမဆုံးထွက်လာတဲ့နို့မှာ ပါဝင်တာပါ။ ဒါကြောင့်မို့လို့ ကလေးကရေဆာနေတယ်လို့ မေမေတို့ခံစားရတဲ့အခါတိုင်း သူတို့ကို မိခင်နို့တိုက်နိုင်ပါတယ်။ အဲဒီလို မိခင်နို့တိုက်လိုက်ရင် ကလေးက ရေဆာပြေသွားသလို ကလေးငယ်ကို ရောဂါပိုးတွေ ကူးစက်ခြင်းကနေ ကာကွယ်ပေးပါလိမ့်မယ်။ ဒါ့အပြင် ကလေးငယ် ကောင်းကောင်းကြီးထွားဖို့လည်း ကူညီပါလိမ့်မယ်။ မြန်မာနိုင်ငံလို ပူပြင်းတဲ့ရာသီဥတုမှာတောင် (၆) လအရွယ်မတိုင်မီ ကလေးတွေက ရေမလိုအပ်ပါဘူး။ (၆) လထက် ငယ်တဲ့ကလေးတွေက ရေဆာနေတယ်လို့ ထင်လာခဲ့ရင် မိခင်နို့သာတိုက်လိုက်ပါ။အဲလိုအချိန်မျိုးမှာ နို့မှုန့်တွေ၊ ရေတွေတိုက်ကျွေးတာက ကလေးတွေရဲ့ အစာအိမ်ကို သဘာဝနည်းနဲ့ ကျယ်ပြန့်စေတာမျိုးမဟုတ်တာကြောင့် ကလေးတွေကို ရောဂါပိုးတွေနဲ့ ထိတွေ့စေပါလိမ့်မယ်။ အူလမ်းကြောင်းအတွင်းက ဇီဝပိုးလေးတွေကိုလည်း အပြောင်းအလဲတွေ ဖြစ်ပေါ်စေပြီးတော့ ကိုယ်ခံ…

  • မွေးကင်းစကလေးတွေ နို့ဆာတဲ့ လက္ခဏာများ

    မေမေတို့ရေ ဘေဘီလေးတွေကို မိခင်နို့တိုက်တဲ့အခါ သူတို့ဆာလာမဆာလားပေါ်မူတည်ပြီး တိုက်ကျွေးတာက အရမ်းအရေးကြီးပါတယ်… အဆာလွန်မှာ နို့တိုက်ရင် မေမေရော ဘေဘီလေးတွေအတွက်ပါ စိတ်ညစ်ရ ပင်ပန်းရပါတယ်… ဘေဘီလေးတွေ ဗိုက်ဆာတဲ့အခါ လက္ခဏာတွေကို အဆင့် (၃) ဆင့်နဲ့ ပြသလေ့ရှိပါတယ်။ အဆင့် (၁) မှာတော့ ဗိုက်ဆာပြီ၊ နို့ဆာပြီဆိုတာကို စပြီး ပြတဲ့ လက္ခဏာတွေပါ။ ဒီလက္ခဏာလေးတွေကို မြင်တာနဲ့ ချိုချို စတိုက်င်မယ်ဆိုရင် အကောင်းဆုံးပါ။ အဆင့် (၂) လက်က္ခဏာတွေ မြင်ရပြီဆိုရင်တော့ သူ တော်တော်လေး ချိုချိုဆာနေပါပြီ။ မြန်မြန်လေး ချိုချိုတိုက်ပေးဖို့လိုပါပြီ။ ဒီထက် ထပ်မနောက်ကျသင့်ပါဘူး။ အဆင် (၃) ဆိုရင်တော့ ဘေဘီလေးတွေ အရမ်းဆာလွန်းလို့ စိတ်ဆိုးသွားပါပြီ။ ဒီအချိန်မှ ချိုချိုတိုက်မယ်ဆိုရင် ကလေးက မစို့တော့ပဲ ငြင်းဆန်တာမျိုး ကြုံရနိုင်ပါတယ်။…

  • |

    ကလေးတွေကို ဘယ်လိုအရည်၊အချိုရည်မျိုးတိုက်လို့ရလဲဆိုတာပါ။

    ဒီအကြောင်းလေး ရေးမယ်ရေးမယ်နဲ့ လက်စမသတ်ဖြစ်တာ အတော်ကို ကြာပါပြီ။ ဒီနေ့ Facebook Group တစ်ခုထဲမှာ ငြင်းနေကြတာလေး တွေ့တာရယ်၊ Parenting Group တွေထဲမှာ မကြာခဏတွေ့နေရတဲ့ မေမေတွေရဲ့ မေးခွန်းတစ်ခုရယ်ကြောင့် ဒီအကြောင်းအရာလေးကို ကြိုးစားပြီး လက်စသတ်လိုက်ပါပြီ။ အကြောင်းအရာကတော့ ကလေးတွေကို ဘယ်လိုအရည်၊အချိုရည်မျိုးတိုက်လို့ရလဲဆိုတာပါ။ တိုက်တိုက်ဆိုင်ဆိုင်ပါပဲ အဲဒီမေးခွန်းကို အဖြေပေးနိုင်မယ့် Consensus Report တစ်ခုကို ပြီးခဲ့တဲ့ စက်တင်ဘာလ (၂၀၁၉) ခုနှစ်ထဲတုန်းက ပညာရှင်တွေက ထုတ်ပြန်ပေးခဲ့ပါတယ်။ အောက်ပါ အကြောင်းအရာတွေက အဲဒီ Consensus Report ကို အခြေခံပြီး မျှဝေလိုက်တာဖြစ်ပါတယ်။ ဒီ Consensus Report ကိုတော့ the Academy of Nutrition and Dietetics, the American…

Leave a Reply

Your email address will not be published. Required fields are marked *