G6PD ကလေးများအတွက် အကြံပြုချက်

G6PD ( glucose-6 phosphate dehydrogenase) ဆိုတာဘာလဲ။

G6PD ချို့တဲ့ခြင်းကို များသောအားဖြင့် မြန်မာပြည်သူလူထုကြားမှာ တွေ့ရတတ်ပါသည်။ အကြောင်းရင်းမှာကတော့ G6PD ပရိုတိန်းအင်ဇိုင်းမရှိခြင်းကြောင့် အစားအစာ၊ ဆေးဝါးများနှင့် အခြားအရာ၀တ္ထုများကြောင့် သွေးနီဥများ ကိုအလွယ်တကူပျက်စီးစေနိုင်လို့ ဖြစ်ပါသည်။

မိန်းကလေးငယ်များအတွက် G6PD ချို့တဲ့သောမျိုးရိုးဗီဇသည် မိခင်သို့မဟုတ်ဖခင်ဘက်မှ ဖြစ်သော်လည်း ယောက်ျားလေးများအတွက်မူ G6PD ချို့တဲ့သော ဗီဇသည်မိခင်ဘက်မှ ဖြစ်သည်။ အကယ်၍ သားယောက်ျားလေးသည် G6PD ချို့တဲ့သည်ဟုတွေ့ရှိပါက သူ၏မိခင်မှာလည်း G6PD ချို့တဲ့သည်။

ကလေးများနှင့်လူကြီးများ အတွက် သတိထားရှောင်ကြဥ်ရမည့်အချက်များ (ကိုယ်ခန္ဓာအတွင်းရှိသွေးဆဲလ်ပျက်စီးစေနိုင်သောအရာများ) ကို တတ်နိုင်သမျှ သတိပြုလိုက်နာနေထိုင်မည်ဆိုပါက ကျန်းမာသောဘဝကို ပုံမှန်အတိုင်း ရရှိနိုင်ပါသည်။

G6PD အတွက်ရောဂါစစ်ဆေးမှုကိုရိုးရှင်းသော စမ်းသပ်မှုတစ်ခုအနေဖြင့် ပြုလုပ်နိုင်သည်။ စစ်ဆေးရန် စိတ်ဝင်စားပါက ကလေးမွေးပြီးမကြာမီ သို့မဟုတ် ကလေးမွေးပြီးနောက် လအနည်းငယ်တွင်ပြုလုပ်ရန် ဆရာဝန်နှင့် တိုင်ပင်ဆောင်ရွက်သင့်ပါသည်။ ချို့တဲ့သည်ဟု အဖြေတွေ့ရှိရပါက ဆရာဝန်သည် အဖြေကို ထပ်မံသေချာစေရန် နောက်တစ်ကြိမ် စစ်ဆေးမှု ပြလုပ်ရန် အကြံပြုကောင်း ပြုပါလိမ့်မည်။

G6PD ချို့တဲ့သောမိခင်များသည် ကလေးကိုနို့တိုက်ကျွေးသင့်သော်လည်း ကြိုတင်ကာကွယ်မှုအနေဖြင့် နို့တိုက်နေစဉ် Fava Beans (တောင်ကြီးပဲ) စားသုံးခြင်းမှ ရှောင်ကြဉ်သင့်သည်။

ကြိုတင်ကာကွယ်မှုများ

ရောဂါနှင့်ဆေးဝါးများ

ကလေးနေမကောင်းဖြစ်၍ ဖျားနာလျှင် ဆရာဝန် သို့မဟုတ်ကျန်းမာရေးဝန်ထမ်းအား မိမိကလေးသည် G6PD ချို့တဲ့သောကလေးအကြောင်းပြောပြပါ။ ဆရာဝန်မှ ကြိုတင်ကာကွယ်မှုအနေဖြင့် အချို့သော ဆေးဝါးများကို ရှောင်ကြဥ်ရန် ထည့်သွင်းစဥ်းစားနိုင်ပါလိမ့်မည်။ အဖြစ်များသောရောဂါများသည် မသန့်ရှင်းသောအစားအစာပြင်ဆင်မှုကြောင့် ဖြစ်ရခြင်းဖြစ်သဖြင့် မီးဖိုချောင်ကို သန့်ရှင်းစွာထားသင့်ပြီး အစားအစာများကိုကောင်းစွာ ဆေးကြောပြင်ဆင်၍ စနစ်တကျ ချက်ပြုတ်သင့်သည်။

Menthol (ပရုပ်)

အစားအစာများ၊ သွားတိုက်ဆေး၊ အင်းဆက်ပြေးဆေးနှင့် ပရုပ်လုံးတို့တွင် ပါဝင်သည့် ပရုပ် အနံ့၊ အရသာတို့က ကလေးကို အန္တရာယ်ရှိစေနိုင်သည်။

အစားအစာများ

G6PD ချို့တဲ့နေသော ကလေးများသည် ပြုပြင်ထားသော အသင့်စားအစားအစာများနှင့် အမြန်စာ (fast food) များထက် သဘာဝအိမ်လုပ် အစားအစာများ(homemade)သည်သာ အကောင်းဆုံးဖြစ်သည်။ အိမ်လုပ်အစားအစာများ ကျွေးခြင်းဖြင့် အာဟာရဓါတ်ကြွယ်ဝသည့် သဘာဝအစားအစာများကို ပိုမိုစားသုံးဖြစ်စေပြီး၊ တာရှည်ခံ‌‌ဆေးများ၊ ထပ်ပေါင်းထည့်ထားသည့် ဓါတ်ပစ္စည်းများ၊ အရောင်ဆိုးဆေးများ၊ လူလုပ်အရသာများ စားသုံးခြင်းကို လျော့ကျစေနိုင်သည်။ ကျန်းမာရေးနှင့် ညီညွတ်သော အစားအစာစားသုံးသည့် အလေ့အကျင့်များကို ငယ်စဥ်ကပင် စတင်ပေးသင့်သည်။

အသက် ၆ လတွင် ဖြည့်စွက်အစာကျွေးသောအခါ စီရီရယ်ကို ရှောင်ပါ။ အများစုတွင် ပဲပုပ်များပါဝင်တတ်ပြီး G6PD ကလေးငယ်များသည် အသက်ငယ်စဥ်တွင် ပဲပုပ်စတင်စားသုံးခြင်း မပြုသင့်ပါ။

အကယ်၍ သင့်ကလေးသည် G6PD နည်းနေသောကလေး ဖြစ်ပါက ကလေးသည် တောင်ကြီးပဲ ကဲ့သို့သော ပဲမျိုးကို ရှောင်ရမည်။ ဤပဲစေ့ကို စားပါက ပြင်းထန်သော ဓါတ်တုံ့ပြန်မှုကြောင့် ဖျားနာမှု ဖြစ်စေနိုင်ပါသည်။

တုန့်ပြန်မှုအဆင့်များရှိပြီး အချို့သောကလေးများသည် ပိုမို၍ ထိခိုက်လွယ်သည်။ မိဘသည် ကလေးနှင့် အတူတကွ လေ့လာသင်ယူနိုင်ပြီး ကလေးကို အသက်ကြီးလာသည်နှင့်အမျှ ရှောင်ရှားရမည့်အစားအစာများကို သင်ပေးပါ။

တောင်ကြီးပဲနှင့် (အရွယ်အစားကြီးမားသော ပဲများပါ – ဥပမာ – ပဲကတ္တီပါ၊ ပဲကြီး၊ စသည်) တို့ကို ‌ရှောင်ကြဥ်ပါ။ သို့သော် ပဲနီလေး၊ စားတော်ပဲ နှင့် ကုလားပဲကဲ့သို့သော ပဲမျိုးကိုမူ ကျွေးနိုင်သည်။

ရှောင်ရှားရန်အခြားအကြံပြုချက်များ:

  • Sulfites ပါ သော ဆေးများ/ အစာများကို ရှောင်ကြဥ်ရမည်။ Sulfites များသည် အသင့်စား မုန့်ဖုတ်ထားသော စားစရာများနှင့် အချိုပွဲများတွင် အစားအစာအ‌ရောင်အတွက် အသုံးပြုသည့် ဓာတုပစ္စည်းများဖြစ်သည်။ Sulfites ပါဝင်မှုကို သိရှိနိုင်ရန် အစားအစာများ၏ တံဆိပ်အညွှန်းများကိုဖတ်ပါ။
  • အရောင်ပါသော ကိတ်မုန့်များ၊ ကွတ်ကီးများ (အများအားဖြင့် အပြာရောင်များ)
  • ဘလူးဘယ်ရီအရောင်ပါ အစားအစာများ
  • ဟော့‌ဒေါ့၊ ဝက်အူးချောင်း၊ အသားချောင်း၊ အသားတုများ ကဲ့သို့ ပြင်ဆင်ထားသည့် အသားများ
  • အရောင်ဆိုးထားသော အသီးခြောက်၊ ဟင်းသီးဟင်းရွက်ခြောက်များ
  • အေးခဲထားသည့် ငါးနှင့် ပင်လယ်စာများ
  • အေးခဲထားသော အာလူးနှင့် အနောက်တိုင်းအစားအစာ၊ တရုတ်အစားအစာများ
  • အာလူးကြော်ထုပ်များ၊ ငါးမုန့်ကြော်နှင့် အခြား မုန့်ကြွပ်ကြော်များ
  • အရောင်ပါသော သကြားလုံးများ
  • ကြက်ဟင်းခါးသီး
  • ပဲပုပ်နှင့် ပဲပုပ်နှင့် ပြုလုပ်သော စားစရာများသည့် ရှောင်ရမည့် စားစရာများတွင် ထည့်သွင်းရန်မလိုသော်လည်း တုန့်ပြန်မှု ပြင်းထန်သောကလေးများကို ကျွေးရာတွင် သတိနှင့် ကျွေးရန် လိုအပ်သည်။
  • အချိုရည်များ၊ ဆိုဒါရည်များကိုလည်း တာရှည်ခံပစ္စည်းများနှင့် လူလုပ်ပါဝင်ပစ္စည်းများစွာ ပါဝင်သဖြင့် ကလေးများအား မတိုက်ကျွေးသင့်ပါ။

G6PD အတွက် အစားအစာအကြံပြုချက်များ

၁။ သင့်ကလေးသည့် ခြောက်လပြည့်သည့်အခါ ဖြည့်စွက်အစားအစာများစားသင့်သည်။ Infant Cereal ကျွေးခြင်းကို သတိပြုပါ။

၂။ ကလေးအား နှံစားသီးနှံအမျိုးမျိုး၊ ကစီဓါတ်၊ သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်၊ ငါး၊ အသား၊ ဆီ၊ အခွံမာသီး၊ အစေ့များ၊ နို့ထွက်ပစ္စည်းများ (အသက် တစ်နှစ်တွင်) တို့ကို စားသုံးနိုင်သည်။ အရွယ်အစားသေးသော အစားအစာများကို ကျွေးမွေးနိုင်သော်လည်း အရွယ်အစားပိုကြီးသည့် ပဲများကိုကျွေးရာတွင် သတိနှင့် ကျွေးသင့်သည်။

၃။ ကလေးသည် အစားအစာမျိုးစုံပါဝင်သည့် ကျန်းမာရေးနှင့် ညီညွတ်သော အစာကိုသာ စားသုံးသင့်သည်။ ဓါတ်တိုးဆန့်ကျင်ပစ္စည်း (Antioxidants) များသည် သွေးနီဥများပျက်စီးခြင်းမှ ကာကွယ်ရာတွင် အရေးကြီးသဖြင့် ဗီတာမင် အေ၊ စီ၊ အီး ကြွယ်ဝသော သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်နှင့် ငါးတို့ကို တစ်ပါတ်လျှင် အနည်းဆုံး ၃ – ၄ ကြိမ် ကျွေးသင့်သည်။

၄။ အိမ်တွင်ချက်ပြုတ်သည့် အစားအစာများသည်သာ အသင့်တော်ဆုံးဖြစ်သည်။ ထို့ကြောင့် အပြင်တွင် စားသောက်ပါက သတိထားသင့်သည်။

၅။ ဗီတာမင် စီ သည် ကိုယ်ခန္ဓာအတွက် အရေးပါသည်။ အစားအစာများတွင် ပါဝင်သည့် ဗီတာမင် စီ သည် သဘာဝအတိုင်းပါဝင်သည့် ပမာဏဖြစ်ပြီး၊ လူ့ကိုယ်ခန္ဓာမှ လွယ်ကူကောင်းမွန်စွာ ချေဖျက်နိုင်သည်။

ဗီတာမင်စီ ပမာဏအများအပြားကို ဖြည့်စွက်ဆေးဝါးအနေဖြင့် ‌သောက်သုံးမိပါက G6PD ကလေးများအတွက် အန္တရာယ်ရှိနိုင်သည်။ ဗီတာမင် စီ ဆေးများတိုက်ကျွေးပါက အထူးသတိပြုရန်လိုသည်။ ဆေးတိုက်မည့်အစား ဗီတာမင် စီ ကြွယ်ဝသော သဘာဝအစားအစာများကိုသာ ပိုကျွေး‌ပေးသင့်သည်။ ဥပမာ – လတ်ဆတ်သော ဟင်းသီးဟင်းရွက်များ သို့မဟုတ် လတ်ဆတ်သော သဘာဝ သစ်သီးဖျော်ရည်။

၆။ တရုတ် တိုင်းရင်းဆေး၊ မြန်မာတိုင်းရင်းဆေးများကို တိုက်ကျွေးပါက ထိုဆေးများတွင် မည်သည့် ပစ္စည်းများ ပါဝင်သည် မသိရသောကြောင့် အထူးသတိပြုသင့်သည်။

အားလုံးသတိပြုရမှာက ဒီဟာ ရောဂါတစ်ခုမဟုတ်ပါဘူး။ ဓါတ်တစ်ခု ချို့တဲ့ရုံပဲဖြစ်တဲ့အတွက် အကြံပြုချက်တွေကို အတတ်နိုင်ဆုံး သတိထား လိုက်နာသွားမယ်ဆိုရင် အရမ်းစိုးရိမ်စရာမလိုပဲ သာမန်လူတစ်ယောက်အတိုင်း ပျော်ရွှင်စွာ နေထိုင်သွားနိုင်ပါတယ်။

ဒီလို စိတ်ဝင်စားဖွယ်ရာ အကြောင်းအရာလေးတွေကို အလျဥ်းသင့်သလို မျှဝေပေးမှာဖြစ်လို့ Page လေးကို Like & Share လုပ်ပေးထားပါဦးနော်။

ဒီ ပိုစ်လေးက ကိုယ့်အတွက် အသုံးဝင်တယ်ဆိုရင် အခြားသူတွေနဲ့လည်း မျှဝေပေးပါဦး‌နော်။

အားလုံး ပျော်ရွင်ကျန်းမာတဲ့ မိသားစုတွေ ပိုင်ဆိုင်နိုင်ကြပါစေ။

Similar Posts

  • မြန်မာနိုင်ငံရဲ့ ပထမဆုံး အာဟာရဆိုင်ရာ AI Chatbot! 🇲🇲✨

    “Dohmeetharsulay” Page ကနေ မေမေဖေဖေတို့အတွက် နောက်ထပ်စိတ်လှုပ်ရှားစရာ ဝန်ဆောင်မှုအသစ်တစ်ခုကို ဝမ်းမြောက်စွာ မိတ်ဆက်ပေးလိုက်ပါပြီ။ ဒါကတော့ ၂၄ နာရီပတ်လုံး မေးခွန်းတွေမေးနိုင်တဲ့ ကျွန်တော်တို့ရဲ့ AI အာဟာရလက်ထောက် Chatbot အသစ်လေးပါပဲ။ မင်မင်တို့အိပ်နေပေမယ့် Chatbot လေးကတော့ မအိပ်ပဲနေတာမို့လို့ တရေးနိုးသိချင်တာလည်း ထမေးလို့ရမှာဖြစ်ပါတယ်။​ မင်မင်တို့နဲ့ စကားပြောချင်တယ်ဆိုရင်တော့ Facebook Messenger မှာလာပြောပါနော်။ လက်ရှိမှာ စမ်းသပ်ဆဲကာလ (Testing Period) ဖြစ်တဲ့အတွက် အခမဲ့ အသုံးပြုနိုင်မှာဖြစ်ပြီး၊ အကြံပြုချက်များနဲ့ သုံးစွဲမှုအတွေ့အကြုံများကိုလည်း ပြန်လည်မျှဝေဖို့ ဖိတ်ခေါ်ပါတယ်။ 🙌 ဒီ Chatbot က ဘာတွေဖြေပေးနိုင်မလဲ? ✅ ကလေးငယ်တွေရဲ့ အာဟာရအကြောင်း ✅ မိသားစုအတွက် ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာများအကြောင်း ✅ အထွေထွေကျန်းမာရေး ဗဟုသုတများ ကျွန်တော်တို့ရဲ့…

  • |

    Mixed Feeding ကနေ Exclusive Breastfeeding ကို ဘယ်လိုပြောင်းနိုင်မလဲ

    တကယ်လို့ မေမေတွေက မိခင်နို့နဲ့ အခြားအရာတွေ ရောတိုက်နေရာကနေ မိခင်နို့ချည်းသက်သက် ပြောင်းတိုက်ဖို့ စဉ်းစားနေပြီဆိုရင် ဒါဟာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်လို့တောင် ပြောလို့ရပါတယ်။ဒီလိုပြောင်လိုက်ခြင်းကြောင့် ရင်သွေးလေးတွေရဲ့ ကျန်းမာရေးနဲ့ သူ့ရဲ့ ဖွံ့ဖြိုးကြီးထွားမှု/ဖွံ့ဖြိုးတိုးတက်မှုတွေ ပိုကောင်းလာစေမှာ ဖြစ်ပါတယ်။ ကလေးက အဖျားအနာကင်းလာတော့ မိသားစုအနေနဲ့ ကျန်းမာရေးကုန်ကျစရိတ်အစား အစားအစာနဲ့ အခြားအသုံးစရိတ်တွေအတွက် ငွေပိုသုံးလို့ ရလာပါတယ်။ မိခင်နို့တိုက်တဲ့အကျိုးကျေးဇူးတွေက ဘယ်လောက်တိုက်လဲဆိုတဲ့အတိုင်းအဆ ပမာဏပေါ် မူတည်နေပါတယ်။ ကလေးငယ်ကို့ မိခင်နို့ပိုတိုက်လေလေ ကလေးအတွက် ပိုအကျိုးရှိလေလေပါဘဲ ဖြစ်ပါတယ်။ ကဲအခုမေမေတို့ ဘာလုပ်ကြမလဲ ၁။မိခင်နို့နဲ့ နို့မှုန့်ရောနှောတိုက်ကျွေးတာ (Mixed Feeding) ကနေ မိခင်နို့ချည်းသက်သက်တိုက်ကျွေးတဲ့အဆင့်ကို ဖြေးဖြေးချင်းပြောင်းပါ။ ဒါမှသာ နို့ထွက်များလာပြီး နို့မှုန့်တိုက်ရတာလျော့လာမှာပါ။ ၂။မိခင်နို့ကိုအရင်တိုက်ပါ။ပြီးမှ နှို့မှုန့်တိုက်ပါ။ ၃။မိခင်နို့ကို နေ့ရောညပါတိုက်ပါ။ ၄။တစ်ကြိမ်နဲ့တစ်ကြိမ်ကြားမှာ ၃ နာရီထက်ပိုပြီးမကြာပါစေနဲ့။ မကြာခဏ…

  • G6PD ချို့တဲ့သော ကလေးများအတွက် အာဟာရဆိုင်ရာ အကြံပြုချက်များ

    G6PD ( glucose-6 phosphate dehydrogenase) ဆိုတာဘာလဲ။ G6PD ချို့တဲ့ခြင်းကို များသောအားဖြင့် မြန်မာပြည်သူလူထုကြားမှာ တွေ့ရတတ်ပါသည်။ အကြောင်းရင်းမှာကတော့ G6PD ပရိုတိန်းအင်ဇိုင်းမရှိခြင်းကြောင့် အစားအစာ၊ ဆေးဝါးများနှင့် အခြားအရာ၀တ္ထုများကြောင့် သွေးနီဥများ ကိုအလွယ်တကူပျက်စီးစေနိုင်လို့ ဖြစ်ပါသည်။ မိန်းကလေးငယ်များအတွက် G6PD ချို့တဲ့သောမျိုးရိုးဗီဇသည် မိခင်သို့မဟုတ်ဖခင်ဘက်မှ ဖြစ်သော်လည်း ယောက်ျားလေးများအတွက်မူ G6PD ချို့တဲ့သော ဗီဇသည်မိခင်ဘက်မှ ဖြစ်သည်။ အကယ်၍ သားယောက်ျားလေးသည် G6PD ချို့တဲ့သည်ဟုတွေ့ရှိပါက သူ၏မိခင်မှာလည်း G6PD ချို့တဲ့သည်။ ကလေးများနှင့်လူကြီးများ အတွက် သတိထားရှောင်ကြဥ်ရမည့်အချက်များ (ကိုယ်ခန္ဓာအတွင်းရှိသွေးဆဲလ်ပျက်စီးစေနိုင်သောအရာများ) ကို တတ်နိုင်သမျှ သတိပြုလိုက်နာနေထိုင်မည်ဆိုပါက ကျန်းမာသောဘဝကို ပုံမှန်အတိုင်း ရရှိနိုင်ပါသည်။ G6PD အတွက်ရောဂါစစ်ဆေးမှုကိုရိုးရှင်းသော စမ်းသပ်မှုတစ်ခုအနေဖြင့် ပြုလုပ်နိုင်သည်။ စစ်ဆေးရန် စိတ်ဝင်စားပါက ကလေးမွေးပြီးမကြာမီ သို့မဟုတ်…

  • G6PDဆိုင်ရာအကြံပြုချက်များ

    ခုတစ်လော အမေးများတဲ့ G6PD ကလေးတွေကို ဖြည့်စွက်စာကျွေးရာမှာ ဘာတွေလိုက်နာသင့်လဲဆိုတဲ့ မေးခွန်းနဲ့ဆက်စပ်လို့ ဒီပိုစ်လေးကိုတင်ပေးလိုက်ပါတယ်။ G6PD ( glucose-6 phosphate dehydrogenase) ဆိုတာဘာလဲ။ G6PD ချို့တဲ့ခြင်းကို များသောအားဖြင့် မြန်မာပြည်သူလူထုကြားမှာ တွေ့ရတတ်ပါသည်။ အကြောင်းရင်းမှာကတော့ G6PD ပရိုတိန်းအင်ဇိုင်းမရှိခြင်းကြောင့် အစားအစာ၊ ဆေးဝါးများနှင့် အခြားအရာ၀တ္ထုများကြောင့် သွေးနီဥများ ကိုအလွယ်တကူပျက်စီးစေနိုင်လို့ ဖြစ်ပါသည်။ မိန်းကလေးငယ်များအတွက် G6PD ချို့တဲ့သောမျိုးရိုးဗီဇသည် မိခင်သို့မဟုတ်ဖခင်ဘက်မှ ဖြစ်သော်လည်း ယောက်ျားလေးများအတွက်မူ G6PD ချို့တဲ့သော ဗီဇသည်မိခင်ဘက်မှ ဖြစ်သည်။ အကယ်၍ သားယောက်ျားလေးသည် G6PD ချို့တဲ့သည်ဟုတွေ့ရှိပါက သူ၏မိခင်မှာလည်း G6PD ချို့တဲ့သည်။ ကလေးများနှင့်လူကြီးများ အတွက် သတိထားရှောင်ကြဥ်ရမည့်အချက်များ (ကိုယ်ခန္ဓာအတွင်းရှိသွေးဆဲလ်ပျက်စီးစေနိုင်သောအရာများ) ကို တတ်နိုင်သမျှ သတိပြုလိုက်နာနေထိုင်မည်ဆိုပါက ကျန်းမာသောဘဝကို ပုံမှန်အတိုင်း ရရှိနိုင်ပါသည်။…

  • |

    နို့သကြားဓါတ်မတည့်မှု (Lactose Intorlerance), နို့သကြားဓါတ်ရရှိမှုများလွန်းခြင်း (Lactose Overload) နှင့် နွားနို့နှင့်ဓါတ်မတည့်ခြင်း (Cow Milk Alergy) ဆိုတာ ဘာတွေလဲ

    Thingyan Live: နို့သကြားဓါတ်မတည့်မှု (Lactose Intorlerance), နို့သကြားဓါတ်ရရှိမှုများလွန်းခြင်း (Lactose Overload) နှင့် နွားနို့နှင့်ဓါတ်မတည့်ခြင်း (Cow Milk Alergy)​အကြောင်းကို ဆွေးနွေးပေးခဲ့ပါတယ်။​ Share လုပ်ပေးကြပါဦးနော်။​

  • မိခင်နို့နဲ့ နို့မှုန့်က အတူတူပဲလား

    မေမေ ဖေဖေတို့ရေ… ဒီနေ့တော့ စာနည်းနည်းလေးရှည်မှာမို့ စိတ်ရှည်ရှည်လေးထားပြီး ဖတ်ပေးပါနော်… ဒီနေ့မျှဝေချင်တာက မိခင်နို့ရည်နဲ့ နို့မှုန့်အကြောင်းပါ… ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ အဆိုအရ နို့မှုန့်တွေကို မိခင်နို့အစားထိုးပစ္စည်း (Breastmilk Substitute) လို့ခေါ်ပါတယ်… ဒါကြောင့် အချို့ယုံကြည်ကြသလို မိခင်နို့နဲ့ မိခင်နို့အစားထိုး နို့မှုန့်တွေက အတူတူဘဲလို့ဆိုလိုတာ လုံးဝ မဟုတ်ပါဘူး…. နို့မှုန့် ကုမ္ပဏီ (ဖော်မြူလာကုမ္ပဏီ) တွေက အရှိန်အဟုန်မြှင့်ပြီး ဆယ်စုနှစ်ပေါင်းများစွာ ဈေးကွက်ရှာတာတွေ၊ အားကောင်းတဲ့ ကြော်ငြာတွေကြောင့် ကံအကောင်းအကြောင်းမလှစွာနဲ့ပဲ ကျန်းမာရေးပညာရှင်များအပါအဝင် လူအများစုက နို့မှုန့်တွေသည် မိခင်နို့ရည်နှင့်တန်းတူ ဒါမှမဟုတ် ပိုကောင်း တယ်လို့ ယုံကြည်လာကြတော့တာပါပဲ… ဒါပေမယ့် ဒါဟာ အမှန်တရား မဟုတ်ပါဘူး…ကမ္ဘာ့ကျန်းမာရေးအဖွဲ့နဲ့ ကမ္ဘာတစ်ဝှမ်း ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူတွေ ပြောတာကတော့ ကလေးမွေးဖွားစဉ်ကနေ အသက် ၆ လ အထိ…

Leave a Reply

Your email address will not be published. Required fields are marked *